|
RMS

Auto Draft

  08/ Feb/ 2018

ရန်ကုန်၊ ဖေဖော်ဝါရီ
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကိုရီးယား ကြက်ခြေနီအသင်းမှ ကြက်ခြေနီလူငယ်များနှင့် အုပ်ချုပ်သူများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အတူ သန်လျင်မြို့ အလယ်ရွာ အခြေခံပညာ မူလတန်း လွန်ကျောင်းတွင် ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန မြို့နယ် ပညာရေးမှူး ဦးသက်စိန်၊ လက်ထောက်ပညာရေးမှူး ဦးကြည်ဦး၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒုတိယ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တောင်ပိုင်းခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မိုးကြည်၊အလယ်ရွာ အခြေခံမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဝင်းနှင့် တာဝန်ရှိ ဆရာ/ဆရာမများ၊ ကိုရီးယားကြက်ခြေနီအသင်းမှ General Director Mr. Lee Jong-ha ၊ Deputy Head Mr. Jung Chan-yong, Health Teacher Ms. Song Mi Gyoung၊ ရန်ကုန်တောင်ပိုင်းခရိုင် ကြက်ခြေနီစေတနာလုပ်အား ရှင်များနှင့် မြို့နယ်ကြက်ခြေနီစေတနာ လုပ်အားရှင်များ၊ ကိုရီးယားကြက်ခြေနီအသင်းမှ ကြက်ခြေနီလူငယ် စုစုပေါင်း (၄၇) ဦး၊ အလယ်ရွာ အခြေခံပညာမူလတန်း လွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၇၅) ဦး တက်ရောက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် အလယ်ရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဝင်းက ကိုရီးယားကြက်ခြေနီအသင်းမှ ကြက်ခြေနီ လူငယ်များနှင့် အုပ်ချုပ်သူများအား ကြိုဆိုပါကြောင်း၊ ယခုလို ကျောင်းအတွင်း ကျောင်းသူ ကျောင်းသားများနှင့် ရင်းနှီးစွာ အတူတကွ စုပေါင်း လှုပ်ရှားမှုများ ဆောင်ရွက်ခွင့်ရတဲ့အတွက် အထူးကျေးဇူး တင်ရှိပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားခဲ့ သည်။ ထိုနောက် ကိုရီးယားကြက်ခြေနီအသင်းမှ General Director Mr. Lee Jong-ha မှလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆို လက်ခံတဲ့အတွက် အလယ်ရွာ အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် ကိုရီးယားကြက်ခြေနီအသင်းမှ General Director Mr. Lee Jong-ha နှင့် တာဝန်ရှိသူများသည် သန်လျင်မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ကိုရီးယား ကြက်ခြေနီလူငယ်များသည် တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြပြီး လက်တွေ့ သရုပ်ပြမှုများကို ကျောင်းသူ/ကျောင်းသားများနှင့်အတူ ဆောင်ရွက်ခဲ့ ကြပါသည်။ ဆက်လက်ပြီး ရိုးရာယဉ်ကျေးမှု တေးသရုပ်ဖော် အက အလှများ ကပြ ဖလှယ်ခြင်း၊ Friendship gift box များ ပေးဝေခြင်းများကို ရင်းနှီးချစ်ခင်စွာ အတူစုပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ကိုရီးယား ကြက်ခြေနီလူငယ်များသည် အလယ်ရွာ အခြေခံပညာကျောင်းတွင်၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင်လည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။