|
RMS

ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် နေအိမ် ပျက်စီးခဲ့သူများကို ကြက်ခြေနီက ပစ္စည်းများ ထောက်ပံ့ကူညီ

  25/ May/ 2023

ပခုက္ကူ၊ ၂၀၂၃ခုနှစ်၊ မေလ(၂၄)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်မှုကြောင့် မေလ(၁၄)ရက်နေ့ညပိုင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ ရွှေချောင်း ချောင်းရေ မြင့်တက်ပြီး ချောင်းနဘေးရှိ လူနေအိမ်အချို့ မျောပါ ပျက်စီးခဲ့ရာ ထိခိုက်ခံစားရသော အိမ်ထောင်စု (၆) စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သည့် ပစ္စည်းများကိုပခုက္ကူမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေစေတနာလုပ်အားရှင်များက မေလ(၂၄)ရက်နေ့တွင် သွားရောက် ထောက်ပံ့ ပေးခဲ့ပါသည်။
ထိုသို့ ထောက်ပံ့ရာတွင် အိမ်ထောင်စု(၁)စုလျှင်တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ မီးဖို‌ချောင်
သုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ အိမ်ဆောက် အထောက်အကူပြုပစ္စည်း(၁)စုံ၊ တာပေါ်လင်စ(၁)ချပ်၊ စောင်(၂)ထည်၊ ခြင်ထောင်(၁)လုံး၊ ရေပုံး(၁)ပုံး တို့ကို ထိခိုက်ခံစားရသော အိမ်ထောင်စု(၆)စုအတွက် လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ပါသည်။