|
RMS

မတော်တဆယာဉ်တိုက်မှုတွင် ကြက်ခြေနီမှ ရှေးဦးပြုစုခြင်းဖြင့် ကူညီ

  10/ Apr/ 2018

ရန်ကုန် မတ်လ
၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့ နံနက် ၀၉ နာရီ ၁၅ မီနစ်အချိန်တွင် မင်္ဂလာဒုံမြို့နယ် ပြည်လမ်း ဗိုလ်ခြံမှတ်တိုင်အနီးတွင် မော်တော်ဆိုင်ကယ်နှင့် ကား မတော်တဆ ယာဉ်တိုက်မှု ဖြစ်သွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်သမားသည် အခင်းဖြစ်ပွားရာနေရာတွင် လဲကျသွားခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း လှည်းကူးမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြက်ခြေနီစေတနာလုပ်အားရှင်မောင်ရဲဦးထက်က ထိခိုက်အနာတရ ဖြစ်သွားသော ဆိုင်ကယ်သမားအား ရှေးဦးပြုစုခြင်းများနှင့် လိုအပ်သည်များကို ကူညီပြုစုဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် အဆိုပါလူနာအား မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ ယာဉ်ထိန်းရဲနှင့် ပြည်သူတချို့၏ကူညီမှုဖြင့်အတူ ဆေးရုံသို့ အချိန်မှီ ပို့ပြီး ဆေးကုသမှုခံယူနိုင်ရန် ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။

Credit; ဇော်မိုးအောင် (SO)