|
RMS

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် နော်ဝေသံအမတ်ကြီးနှင့် တွေ့ဆုံ

  13/ Oct/ 2020

ရန်ကုန်၊ အောက်တိုဘာ ၁၃

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် နော်ဝေသံအမတ်ကြီး H.E Ms. Hilde Solbakken ဦးဆောင်သောအဖွဲ့ကို ယနေ့ နေ့လည် ၂း၃၀ အချိန်က အွန်လိုင်းမှ တွေ့ဆုံခဲ့ပြီး ကိုဗစ်-၁၉နှင့် ပတ်သက်၍ အသင်း၏ဆောင်ရွက်နေမှုများအပေါ်တွင် ပံ့ပိုးနိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညိုဝင့်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး နော်ဝေသံအမတ်ကြီးနှင့်အတူ အတွင်းရေးမှူး Ms. Frida Fostvedt တို့တက်ရောက်ခဲ့ပါသည်။