|
RMS

ရေကျော်သည့်လမ်းတွင် အန္တရာယ်ကင်းအမှတ်အသားများစိုက်ထူခြင်း ကြက်ခြေနီဆောင်ရွက်

  07/ Aug/ 2020

လှိုင်းဘွဲ့၊ ဩဂုတ် ၇

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆင်ကူကျေးရွာမှ ကိုမောင်ကျေးရွာသို့သွားသည့်လမ်းရေကျော်မှုဖြစ်ပေါ်ခဲ့ရာ ခရီးသွားဒေသခံပြည်သူများအန္တရာယ်ကင်းစေရန် လှိုင်းဘွဲ့မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူးဦးဆန်းဝင်းဦး ဦးဆောင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့က လမ်းအမှတ်အသားများပြုလုပ်ခြင်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၇ရက်နေ့ကဆောင်ရွက်ခဲ့ပါသည်။