|
RMS

Auto Draft

  21/ Feb/ 2018

လားရှိုး၊ ဖေဖော်ဝါရီ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၄း၄၅ မီနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ၂ ရပ်ကွက်ရှိ ဧရာဝတီဘဏ်၊ ရိုးမဘဏ်၊ ပြည်သူကျန်းမာရေးဦးစီးဌာနနှင့် သူနာပြုသင်တန်းကျောင်းအနီးတွင် ပြင်းထန်သည့် ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဘဏ်အဆောက်အဦး ၂ ခု၊ သူနာပြုသင်တန်းကျောင်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံးတို ထိ့ခိုက် ပျက်စီးခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးထွန်းထွန်းဦး ဦးစီးပြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် (၇)ဦးမှ အခင်းဖြစ်ပွားရာသို့ သွားရောက်ပြီး ဒါဏ်ရာရ ရှိသူများအား ရှေးဦးပြုစုပေးခဲ့ပြီး လားရှိုးဆေးရုံသို့ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် လုပ်ဆောင်ခဲ့ပါသည်။ ထိုဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ၂၃ ဦးရှိကြောင်း သိရှိရပါသည်။  Credit: သန္တာမိုး (Supporting Officer)