|
RMS

Auto Draft

  17/ Jan/ 2018

အင်းစိန်မြို့နယ် တောင်သူကုန်းရပ်ကွက် မီးဘေးသင့်အိမ်ထောင်စုများအား အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကူညီ

= = =

ရန်ကုန်၊ ဇန်နဝါရီလ

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွှဲ ၁၅ နာရီ ၁၃ မီနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မဂ္ဂကျောင်းလမ်းအပိုင်း (၂) တွင် မီးလောင်ကျွမ်းခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း အင်းစိန်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၄၀ ဦးနှင့် လူနာတင်ယာဉ် ၄ စီးဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်အတူ ပါဝင် ကူညီ မီးငြိမ်းသတ်ခဲ့သည်။ မီးလောင်ကျွမ်းမှု့သည်  ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွှဲ ၁၅း၁၃ မီနစ်အချိန်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ၁၅ နာရီ ၂၇ မီနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှု့ကြောင့် နေအိမ် ၂ လုံး၊ အိမ်ထောင်စု ၄ စု ထိခိုက်ပြီး ပျက်စီးခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲအနေဖြင့် မီးဘေးသင့် အိမ်ထောင်စုများအား ကျန်းမာရေးစောင့်ရှောက်မှုများလည်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

Credit: ဦနီထွန်း