|
RMS

Auto Draft

  10/ Aug/ 2018

= = =

၂၀၁၈ ခုနှစ် သြဂုတ်လ (ပထမပတ်)မှ စတင်ပြီး ရေကြီး/ရေလျှံမှုဖြစ်ပွားခဲ့သော မြို့နယ်နှင့် ကျေးရွာအချို့တွင် ရေများပြန်လည်ကျဆင်းလျှက်ရှိသည်။ အချို့မြို့နယ်များတွင် ရေများ ကျဆင်း သွားပြီဖြစ်၍ ကယ်ဆယ်ရေး စခန်းအားလုံး ပိတ်သိမ်းပြီးဖြစ်ပါသည်။ သို့သော်လည်း သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အတွင်း ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ် (Depression) ၏ အရှိန်ဖြင့် မိုးအဆက် မပြတ် ရွာသွန်းမှုများကြောင့် မြစ်ရေကျဆင်းမှု နှောင့်နှေးလျှက်ရှိသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရေဘေးသင့်မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မွန်ပြည်နယ် သထုံမြို့နယ်တွင်း ရေဘေးသင့်ကျေးရွာများ၌ ပြည်သူ့ကျန်းမာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ရေတွင်း/ရေကန်များကို ကလိုရင်း ဆေးခပ်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ကြက်ခြေနီစေတနာလုပ်အားရှင်များ သည် ဒေသတွင်းအလှူရှင်မှလှူဒါန်းသော သောက်ရေသန့်လီတာ (၂၄၀၀)ကို ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ပါသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရေဘေး ယာယီခိုလှုံရာ စခန်း(၄)ခုတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်၏ ရေကျသွားသောနေရာများတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ရေတွင်း/ရေကန် ဆေးခပ်ခြင်းလုပ်ငန်းများကို ပူပေါင်းဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မွန်၊ ကရင်၊ ပဲခူး၊ တနင်္သာရီတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ရှိ မြို့နယ်များမှ ရေဘေးသင့် အိမ်ထောင်စု စုစုပေါင်း (၁၉,၄၃၃)၊ လူဦးရေစုစုပေါင်း (၁၁၃,၂၈၁) အတွက် ထောက်ပံ့ ပစွည်းများဖြစ်သည့် တကိုယ်ရေကျန်းမာရေးသုံးပစ္စည်းစုံ (Hygiene Kit)၊ တကိုယ်ရေကျန်းမာရေးသုံးပစ္စည်းများ (Hygiene Parcel)၊ ဆေးစိမ်ခြင်ထောင် (Mosquito Net)၊ အမျိုးသမီးသုံးပစ္စည်းများ၊ ဓါတ်ဆားထုပ်၊ ကြိုးခွေ၊ မိသားစုသုံးပစ္စည်းစုံ (Family Kit)၊ ရေသန့်ဆေးပြား၊ စောင်၊ တူ၊ မိသားစုသုံး အိမ်ဆောက်ပစွည်း (Shelter Tool Kit)၊ တာပေါ်လင် (Tarpaulin)၊ သောက်ရေသန့်၊ မီးဖိုချောင်သုံးပစ္စည်း (Kitchen Set)နှင့် အခြားလိုအပ်သည်များ ကို ကူညီ ထောက်ပံ့ ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

Credit; MRCSEOC