စေတနာသွေးသန့်သွေးလှူဒါန်းခြင်းနှင့် အသင်းထုတ်ကုန်များ

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသားသွေးလှူဘဏ်(ရန်ကုန်)နှင့် ပူးပေါင်း၍ စေတနာ သွေးသန့် သွေးလှူဒါန်းခြင်းများ ပြုလုပ်လျက်ရှိပါသည်။
သွေးလှူဒါန်းလိုပါက – အမျိုးသားသွေးလှူဘဏ်၊ ရန်ကုန်အထွေထွေဆေးရုံကြီး ၉၅ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ထုတ်ကုန်များ

ပုံနှိပ်လုပ်ငန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်း ပုံနှိပ်လုပ်ငန်းသည် အသင်းမှ ထုတ်ဝေသည့် စာရွက်စာတမ်းများ သာမက အခြားပြင်ပမှ စာရွက်စာတမ်းများကိုပါ လက်ခံဆောင်ရွက်ပေး လျက်ရှိပါသည်။ ပုံနှိပ်တိုက် တွင် လက်ကမ်းစာစောင်များ၊ လက်စွဲစာအုပ်များ၊ နံရံကပ်စာစောင်များ၊ ပိုစတာများကို စက္ကူ အမျိုးအစားအစုံ၊ ရောင်စုံဖြင့် ပုံနှိပ်ပေးနိုင်ပါသည်။

ပုံနှိပ်တိုက်သို့ဆက်သွယ်၍ လုပ်ငန်းအပ်နှံလိုပါက – ဒေါ်မေစန္ဒာမျိုး၊ ဌာနမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန

အီးမေးလ် – maysandamyo@redcross.org.mm

ဖုန်းး -(၀၁) ၃၉၂၀၂၈ (လိုင်းခွဲ -၁၁၂)

ကြက်ခြေနီအရောင်းဆိုင်

ကြက်ခြေနီအရောင်းဆိုင်တွင် ကြက်ခြေနီတပ်ဖွဲ့ဝင်များအတွက် ဝတ်စုံများ၊ တီရှပ်၊ အိတ်၊ ရှေးဦး ပြုစုခြင်း သေတ္တာ၊ စာရေးကိရိယာနှင့် ဝန်ထမ်းများ လိုအပ်နိုင်သည့် ပစ္စည်းများကို ရောင်းချပေးလျက် ရှိသည်။

ဆက်သွယ်ရန်  – မြင့်မိုရ်အရောင်းဆိုင် အမှတ် (၉)၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း – (၀၁) ၃၉၂၀၂၈၊ ၃၉၂၀၂၉၊ ၃၉၂၀၃၀ (လိုင်းခွဲ – ၉၂၉)

ရေသန့် ထုတ်လုပ်ခြင်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းရေသန့်စက်ရုံကို နေပြည်တော်တွင် တည်ဆောက်ထားပြီး ရရှိလာသော အကျိုးအမြတ်များကို လူမှုကရုဏာလုပ်ငန်းများတွင်အသုံးပြုလျက်ရှိသည်။

ရေသန့်များကို ကိုယ်စားလှယ်ယူလိုပါက – ဒေါ်မေစန္ဒာမျိုး၊ ဌာနမှူး၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန

အီးမေးလ် – maysandamyo@redcross.org.mm

ဖုန်း –(၀၆၇) ၄၁၉၀၁၆ (လိုင်းခွဲ -၂၁၂)

ဝင်ငွေရရှေးဦးပြုစုခြင်းသင်တန်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အများပြည်သူအတွက် ရှေးဦးပြုစုခြင်းသင်တန်းများ ပို့ချလျက် ရှိသည့် အနည်းငယ်သော အဖွဲ့အစည်းများတွင် တစ်ခုဖြစ်သည်။ လေကြောင်းလိုင်းမှ ဝန်ထမ်းများ၊ ဟိုတယ်၊ အပန်းဖြေစခန်းများ၊ နိုင်ငံတကာကျောင်းများ၊ သံရုံးဝန်ထမ်းများနှင့် အခြား အစိုးရမဟုတ် သော အဖွဲ့အစည်းများမှ ဝန်ထမ်းများကို ဝင်ငွေရရှေးဦးပြုစုခြင်းသင်တန်းများ ပို့ချပေးလျက်ရှိသည်။ ဝင်ငွေရရှေးဦးပြုစုခြင်းသင်တန်းများအနေဖြင့် –

အခြေခံရှေးဦးပြုစုခြင်းသင်တန်း

သင်တန်းပြီးမြောက်ကြောင်းထောက်ခံစာ သင်ရိုးလမ်းညွှန်နှင့် လက်စွဲစာအုပ် ၃ ရက် – ၅ ရက် သင်တန်း

ရှေးဦးပြုစုခြင်း မွမ်းမံသင်တန်း

သင်တန်းပြီးမြောက်ကြောင်းထောက်ခံစာ သင်ရိုးလမ်းညွှန်နှင့် လက်စွဲစာအုပ် ၂ရက် သင်တန်း

သင်တန်းကြေး

သင်တန်းကြေးမှာ မြန်မာနိုင်ငံသားတစ်ဦးလျင်ကျပ် ၃၄,၀၀၀ ဖြစ်ပြီး နိုင်ငံခြားသားများအတွက် တစ်ဦးလျင် ၄၅,၀၀၀ ကျပ်ဖြစ်ပြီး သင်ထောက်ကူပစ္စည်းများအနေဖြင့် ရှေးဦးပြုစုခြင်းစာအုပ်၊ သုံးထောင့်ပတ်တီး၊ CPR Mask နှင့် သင်တန်းဆင်းလက်မှတ် တို့ ပါဝင်ပါသည်။ သင်တန်းကြေးမှ ရရှိလာသည့် ဝင်ငွေများကို ကျန်းမာရေးစီမံကိန်းများတွင် ထည့်ဝင်အသုံးပြုလျက်ရှိသည်။

နေရာ

မြန်မာနိုင်ငံကြက်ခြေနီအသင်းရုံးများတွင် သင်တန်းဖွင့်လှစ်ပေးနိုင်ပြီး အကယ်၍ လုပ်ငန်းခွင်တွင်သာ သင်တန်းပို့ချစေလိုပါက သင်တန်းကြေးအပြင် သယ်ယူပို့ဆောင်ရေးနှင့် သင်တန်းအတွက် လိုအပ်သည့် ပစ္စည်းများအတွက် တာဝန်ယူပေးရမည်ဖြစ်သည်။

ဘာသာစကား

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မြန်မာဘာသာဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း သင်ကြားပို့ချပေးသည်။ ဘာသာပြန်အား မိမိအစီအစဉ်ဖြင့် ခေါ်ယူလိုပါကလည်း ညှိနှိုင်းနိုင်သည်။

ဆက်သွယ်ရန်

မိသားစုဝင်များ၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းမှ ဝန်ထမ်းများအတွက် ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ပေးလိုပါက –

ဆက်သွယ်ရန် – ဦးမြတ်မင်းနိုင်၊ ဒုတိယညွှန်ကြားရေးမှူး၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန

အီးမေးလ် – myatminnaing@redcross.org.mm, htoonlwinoo@redcross.org.mm

မိုဘိုင်းဖုန်း – +၉၅ ၅၀၉၃၄၁၂၊ ၉၄၀၀၇၈၈၉၀၂