ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီမှ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်

ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီမှ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်

2018 / Mar 23
ဟားခါး

၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဟားခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ် ခဲ့ကြပါသည်။

အဆိုပါ ပတ်ဝန်းကျင်သန့်ရှင်းရေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဟားခါးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်း စုစုပေါင်း (၃၀) ဦးတို့က ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Related Posts