မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြီးမှူးကျင်းပမည့် စစ်ဘေးရှောင်ပြည်သူများအတွက် ကြက်ခြေနီရန်ပုံငွေ ဈေးပွဲတော်ကို မတ်လ၃၀-၃၁ နှင့်ဧပြီလ၁ရက်နေ့တို့တွင် ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ နံနက်၉နာရီ မှ ည၉နာရီထိ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ကြက်ခြေနီရန်ပုံငွေဈေးပွဲတော်တွင်
– နာမည်ကြီး ရုပ်ရှင် ဂီတ အနုပညာရှင်များမှတေးဂီတများဖြင့်ဖျော်ဖြေတင်ဆက်ခြင်း၊
– သရုပ်ဆောင်များ ၊မော်ဒယ်များ၏ ဖက်ရှင်သရုပ်ပြအစီအစဉ်များ၊ မျက်လှည့်အစီအစဉ်များစသည့် ဖျော်ဖြေရေးအစီအစဉ်များဖြင့်ပြသခြင်း၊
– တိုင်းရင်းသားရိုးရာအစားအစာများနှင့် ရိုးရာ အသုံးအဆောင်ပစ္စည်း များ တည်ခင်းရောင်းချခြင်း၊
– ကံစမ်းမဲ လက်မှတ်များ ရောင်းချကာ အဖိုးတန်ဆုမဲများမဲဖောက်ပေးခြင်း၊
– နာမည်ကြီးအနုပညာရှင်များနှင့် အခြားသောအလှူရှင်များမှ လှူဒါန်းသော Good Secondhand Shop များ ဖွင့်လှစ်ရောင်းချခြင်း၊
– ကြက်ခြေနီအကြောင်းသိကောင်းစရာပြခန်းနှင့် ကြက်ခြေနီမှဆောင်ရွက်နေသောလူမှုကရုဏာလုပ်ငန်းများကြောင်းကိုစိတ်ဝင်စားဖွယ်ရာပြကွက်များဖြင့်ခင်းကျင်းပြသခြင်း၊
– ဈေးနှုန်းအထူးသက်သာသော အဝတ်အထည် အလှကုန် လူသုံးကုန်များကို ပြင်ပပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆိုင်ခန်းများဖွင့်လှစ်ရောင်းချခြင်း အစရှိသည်တို့ဖြင့် သုံးရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပါသည်။
အဆိုပါဈေးပွဲတော်မှ ရရှိလာသောရန်ပုံငွေများကို စစ်ဘေးရှောင် ပြည်သူများအတွက် ကြက်ခြေနီက ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာ လုပ်ငန်းများတွင် ပြန်လည်အသုံးပြု သွားမည်ဖြစ်ပါသည်။