မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ၊ အင်ဒိုနီးရှားကြက်ခြေနီအဖွဲ့နှင့် တွေ့ဆုံ

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ၊ အင်ဒိုနီးရှားကြက်ခြေနီအဖွဲ့နှင့် တွေ့ဆုံ

2018 / Mar 23
ရန်ကုန်

၂၀၁၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူသည် အင်ဒိုနီးရှားကြက်ခြေနီမှ Deputy Central Treasurer ဖြစ်သူ Mr. J. Dwihartanto နှင့် အဖွဲ့အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန် (ရုံးခွဲ) ဧည့်ခန်းမဆောင်တွင် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အင်ဒိုနီးရှားကြက်ခြေနီအကြား အတွေ့အကြုံများ ဖလှယ်ခြင်းနှင့် လူမှုကရုဏာလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းအချိန်ပြည့် အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်ရွှေစင်မြင့်၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများ၊ အင်ဒိုနီးရှားကြက်ခြေနီမှ Head of PMR and Volunteer, Mr. Muhammad Muasနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Related Posts