မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် တိုယိုတာမော်တော်ကော်ပိုရေးရှင်း(ရန်ကုန်)Chief Representative နှင့်အဖွဲ့အားတွေ့ဆုံ

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် တိုယိုတာမော်တော်ကော်ပိုရေးရှင်း(ရန်ကုန်)Chief Representative နှင့်အဖွဲ့အားတွေ့ဆုံ

2020 / Jan 17
ရန်ကုန်

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင် မောင်မြင့်သည် တိုယိုတာမော်တော်ကော်ပိုရေးရှင်း(ရန်ကုန်)မှ Chief Representative Mr.Yoshihisa Tonozuka နှင့် အဖွဲ့အား မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (ရန်ကုန်)ရုံးခွဲတွင် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ ၁၄ရက်၊ နံနက် ၉နာရီခွဲအချိန်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းတွေ့ဆုံပွဲသို့ အသင်းဥက္ကဌနှင့်အတူဒုတိယဥက္ကဌဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွှန့်၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာတွင် အသင်းနှင့် တိုယိုတာမော်တော်ကော်ပိုရေးရှင်းတို့လက်ရှိဆောင်ရွက် လျက်ရှိသည့်ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးပညာပေးအစီအစဉ်ကိုဆွေးနွေးခဲ့ကြပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်များမှ အခြေခံပညာမူလတန်းကျောင်း(၅)ကျောင်းတွင် ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးပညာပေးအစီအစဉ်ကို လုပ်ဆောင်လျက်ရှိပြီး ဆရာ/ဆရာမ (၁၂၀) ဦး၊ Grade (3) မှကျောင်းသား/သူ (၁၂၅၀) ဦး၊ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၄ ) ဦးအား အသိပညာဖြန့်ဝေထားပြီးဖြစ်သည်။

Related Posts