ပြည်တွင်း/ပြည်ပပူးပေါင်းဆက်ဆံရေးဌာန

ပြည်တွင်း/ပြည်ပပူးပေါင်းဆက်ဆံရေးဌာန

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ပြည်တွင်း/ပြည်ပ ပူးပေါင်းဆက်ဆံရေးဌာနသည် မိတ်ဖက်အဖွဲ့ အစည်းများ နှင့် ထိရောက်စွာ ဆက်သွယ်နိုင်ရေး၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး နှင့် အသင်း၏ ဆောင်ရွက်လျက်ရှိသည့်  လူမှုကရုဏာ လုပ်ငန်းများတွင် အထောက်အပံ့များ ပိုမိုရရှိနိုင်ရေး အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏မဟာဗျူဟာ၃အရ စွမ်းဆောင်ရည်ပြည့်ဝပြီးခိုင်မာသော၊ အရင်းအမြစ် ပြည့်ဝသည့် အမျိုးသားအသင်းအနေဖြင့် လူမှုကရုဏာလုပ်ငန်းများတွင် နိုင်ငံတော်၏ အရန်အင်အား တစ်ရပ်အဖြစ် ရပ်တည်လျက်ရှိကြောင်း ပိုမိုသိရှိနားလည် နိုင်လာစေရန်၊ လက်ရှိကျင့်သုံးလျက်ရှိသည့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်မှတစ်ဆင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံနိုင်မှု တိုးမြှင့်စေရန် ပြည်တွင်းနှင့်ပြည်ပနှစ်ရပ်စလုံးတွင် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် စေရန် ပြည်တွင်း/ ပြည်ပ ပူးပေါင်းဆက်ဆံရေးဌာနသည် အလေးထား ဆောင်ရွက်လျှက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့်အခြားဝန်ကြီးဌာနများနှင့်ဆက်သွယ်ရေးနှင့်ညှိနှိုင်းဆောင်ရွက်မှု

ပြည်တွင်း/ပြည်ပ ပူးပေါင်းဆက်ဆံရေးဌာနသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အတူတကွ လက်တွဲလျက် လူမှုကရုဏာလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် လျှက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများ နှင့် နိုင်ငံတကာ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီ အသင်းများမှ ကိုယ်စားလှယ်များ ပြည်ဝင်ခွင့်နှင့် ပြည်တွင်းနေထိုင်ခွင့် (ဗီဇာ)ရရှိရေး၊ စီမံကိန်း/ စီမံချက် များ ဆောင်ရွက်လျှက်ရှိသည့် ဒေသများသို့ ပြည်တွင်းခရီးသွားလာခွင့် (Travel authorization) ရရှိနိုင်ရေး တို့အတွက် အဓိကအားဖြင့် ကျန်းမာရေး ဝန်ကြီးဌာနနှင့် အခြားနှီးနွယ်ဝန်ကြီးဌာနများအား ဆက်သွယ်ပေးလျက်ရှိသည့် အဓိကအရေးပါသော ဌာနတစ်ခုဖြစ်ပါသည်။

နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ

လက်ရှိပူးပေါင်းလက်တွဲဆောင်ရွက်လျှက်ရှိသည့် အမျိုးသားကြက်ခြေနီ/လခြမ်းနီအသင်းများရှိ မိတ်ဖက် အဖွဲ့ အစည်းများမှကိုယ်စားလှယ်များနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အသင်း၏ လူသားချင်းစာနာ ထောက်ထား မှုစွမ်းရည်များ တိုးမြှင့်နိုင်စေရန် မိတ်ဖက်အဖွဲ့အစည်းများ ပိုမိုရရှိရေး အခွင့်အလမ်းများကို ရှာဖွေ လျက်ရှိပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ နိုင်ငံတကာ လူမှုကရုဏာအဖွဲ့အစည့်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းများ၊ နိုင်ငံခြား သံရုံးများ နှင့်လည်း လိုအပ်သည့် ဆက်သွယ်ဆောင်ရွက်မှုကိုလည်း  ဆောင်ရွက် ပေးလျှက် ရှိပါသည်။

မိတ်ဖက်ပူးပေါင်းဆက်ဆံရေးပိုမိုကောင်းမွန်စေခြင်း

မိတ်ဖက်ပူးပေါင်းဆက်ဆံရေးပိုမိုကောင်းမွန်စေရန်အတွက် ကြက်ခြေနီ/လခြမ်းနီအသင်းဝင်များသာမက ပြည်တွင်း/ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်အပြန်အလှန်ဆက်သွယ်ပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်း လျှက်ရှိပြီး အပြုသဘောဆောင်သည့် ပတ်ဝန်းကျင်ကိုဖန်တီးရန်၊ ပူးပေါင်း ဆက်ဆံကို မြှင့်တင်ပေးသည့် ဆွေးနွေးပွဲများတွင် ပါဝင်လျှက်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာမူဝါဒနှင့်စီမံကိန်းအစီအစဉ်များတွင်ပါဝင်အားဖြည့်ခြင်း

အသင်း၏ နိုင်ငံတကာ မူဝါဒများနှင့်အညီ လုပ်ငန်း အစီအစဉ်များတွင် ပူးပေါင်း ပါဝင်ဆွေးနွေးလျှက်ရှိပြီး၊ အသင်း၏လှုပ်ရှားမှုများကိုလည်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီ/လခြမ်းနီအသင်းများ၏ သတ်မှတ်ချက် များနှင့်ကိုက်ညီနိုင်စေရေး အတွက်အစပြု လုပ်ဆောင်ခြင်းများ နှင့် ညှိနှိုင်းခြင်းများ ဆောင်ရွက် လျှက် ရှိပါသည်။ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်နေစဉ် ကမ္ဘာ့နိုင်ငံများမှ မိတ်ဖက်အသင်းများနှင့်အတူ အချိန်နှင့်တပြေးညီပါဝင်နိုင်ရေး အတွက်လည်းဆောင်ရွက် ပေးလျှက် ရှိပါသည်။

နိုင်ငံတကာNGO (INGO)များနှင့်ညှိနှိုင်းဆောင်ရွက်ခြင်း

လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများစဉ်များတွင် National NGO၊ International NGO များ၊ အမျိုးသားကြက်ခြေနီနှင့်လခြမ်းနီအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ လူမှုကရုဏာလုပ်ငန်းများ အတွက် လိုအပ်လျက်ရှိသည့် အထောက်အပံ့များ၊ အလှူငွေများရရှိရန် အတွက် ဆောင်ရွက်လျှက် ရှိပါသည်။

ပြည်တွင်း/ပြည်ပ ပူးပေါင်းဆက်ဆံရေးဌာနသည် အမျိုးသားကြက်ခြေနီနှင့်လခြမ်းနီအသင်းများ၊ ICRC၊ IFRC စသည့် အသင်းအဖွဲ့များက သက်ဆိုင်ရာနိုင်ငံအသီးသီးတွင် ဦးစီးကျင်းပသည့် အစည်းအဝေး၊သင်တန်း၊နှီးနှောဖလှယ်ပွဲနှင့်လေ့လာရေးအစီအစဉ်များသို့တက်ရောက်နိုင်ရေးအတွက်လိုအပ်သည့်ပံ့ပိုးမှုများဆက်သွယ်ဆောင်ရွက်ပေးခြင်းဖြင့် လူသားချင်းစာနာထောက်ထားမှု စံနှုန်းများ နိုင်ငံတကာ စံနှုန်းများနှင့်အညီပြည့်မီ၍ အသင်း၏လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင်ရန် လိုအပ်သောအသိပညာနှင့် ကျွမ်းကျင်မှုများရရှိအောင် တဖက်တလမ်းမှ ဆောင်ရွက်ပေးလျက်ရှိ ပါသည်။

ပူးပေါင်းဆောင်ရွက်မှု/နားလည်မှုစာချွန်လွှာများရေးထိုးနိုင်ရေးကူညီဆောင်ရွက်ပေးခြင်း

ကြက်ခြေနီလှုပ်ရှားမှုနှင့် ပြင်ပမှ မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာများ သို့မဟုတ် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရန် ပြင်ဆင် ပေးခြင်း၊ လက်မှတ်မရေးထိုးမီ သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်ပါက မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီးစာချုပ်တွင်လိုအပ်သည့် အချက်အလက်များကိုပြင်ဆင်ပေးခြင်းနှင့် အတည်ပြုချက်ရယူရန် အတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ သဘောတူညီမှု မူကြမ်းများ တင်သွင်းခြင်းများသည်  ဌာန၏ အရေးပါသော လုပ်ငန်းတာဝန်တစ်ခုဖြစ်ပါသည်။

ဌာနများနှင့်ပူးပေါင်းဆောင်ရွက်သည့်အခန်းကဏ္ဍ

ကြက်ခြေနီလှုပ်ရှားမှုနှင့်လှုပ်ရှားမှုတွင်မပါဝင်သောပြင်ပမှမိတ်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ညှိနှိုင်းရန်အတွက် ပြည်တွင်း/ပြည်ပ ပူးပေါင်းဆက်ဆံရေးဌာနသည် အဓိက ဆက်သွယ်ရန်ဌာန(Focal point) အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ပူးပေါင်းဆောင်ရွက် လိုသည့် ကိစ္စရပ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မိတ်ဖက်အဖွဲ့ အစည်း များ နှင့် သက်ဆိုင်ရာ ဌာန များကို ညှိနှိုင်း ဆောင်ရွက်ပေးလျှက်ရှိပါသည်။

အထူးဧည့်သည်တော်များနှင့်ပြုလုပ်ရသည့်အစည်းအဝေး၊ကြက်ခြေနီလှုပ်ရှားမှုညှိနှိုင်းအစည်းအဝေးများဆောင်ရွက်ပေးခြင်းများ

ပြည်တွင်း/ပြည်ပ ပူးပေါင်းဆက်ဆံရေးဌာနသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆက်ဆံနိုင်ရေးအတွက် ထိရောက်သော ညှိနှိုင်းမှုနှင့်ပူးပေါင်းဆောင်ရွက်မှု များအဆင်ပြေချောမွေ့ရန်အတွက်ကြက်ခြေနီ လှုပ်ရှားမှုမှကိုယ်စားလှယ်များနှင့် လိုအပ်သော အစည်း အဝေးများ ကျင်းပပြုလုပ်ပေးခြင်း၊ အစည်း အဝေး မှတ်တမ်းဖြန့်ဝေခြင်းများပြုလုပ်ပေးခြင်းဖြင့် အရေး ပါသည့်  အခန်းကဏ္ဍ မှ ပါဝင်ပြီး အပြန်အလှန်ဆက်သွယ်မှုများကို ချောမွေ့အောင် ဆောင်ရွက်လျက် ရှိပါသည်။

မိတ်ဖက်အဖွဲ့အစည်းများနှင့်ဆက်ဆံရေးများပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဌာနအသီးသီးနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရာတွင်ပိုမိုအားကောင်းစေရန်အတွက်ချိတ်ဆက်ပံ့ပိုး ပူးပေါင်းဆောင်ရွက်မှု ပြန်လည် သုံးသပ်ခြင်း ဆွေးနွေးပွဲ (Partnership Review Talk-PRT)-ကို သက်ဆိုင်ရာ အမျိုးသားအသင်းများနှင့် နှစ်နှစ်တစ်ကြိမ် ပြန်လည် သုံးသပ် ခြင်းအစည်းအဝေးများကိုကျင်းပခြင်းဖြင့် မိတ်ဖက်အဖွဲ့ အစည်းများ နှင့်ပူးပေါင်းဆောင်ရွက်နေမှု မည်မျှကောင်းမွန်ကြောင်း အကဲဖြတ်နိုင်ခြင်း၊ ဖြစ်ပေါ် နိုင်ချေရှိသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် ရှေ့ဆက်အတူတကွ လုပ်ဆောင်ရန် အစီအစဉ်များချမှတ်နိုင်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်း/ပြည်ပ ပူးပေါင်းဆက်ဆံရေးဌာနသည် လုပ်ငန်းဆောင်ရွက်နေသည့် ဌာနများ ထံမှ အချက်အလက်များကို ပြန်လည် စုစည်း သုံးသပ်ကာ အစည်းအဝေး ဖြစ်မြောက်ရန် ညှိနှိုင်းဆောင်ရွက်ပြီး ဦးဆောင်ဆွေးနွေး သုံးသပ်ပေးသည့် အခန်းကဏ္ဍမှ အဓိကပါဝင်လျက်ရှိကာ၊ အစည်းအဝေးမှ ထွက်ရှိလာသည့် ရှေ့လုပ်ငန်းစဉ်များကို  မှတ်တမ်းတင် ဖြန့်ဝေခြင်းများကို ဆောင်ရွက်ပေးလျှက် ရှိပါသည်။

မိတ်ဖက်အဖွဲ့အစည်းမူဘောင်ပြန်လည်သုံးသပ်သည့်အစည်းအဝေး(Partnership Framework)

ပြည်တွင်း/ပြည်ပ ပူးပေါင်းဆက်ဆံရေးဌာန၏ ဦးစီးဦးဆောင်မှုဖြင့်  မြန်မာနိုင်ငံကြက်ခြေနီအသင်း နှင့် မိတ်ဖက်အဖွဲ့အစည်းများ အားလုံးသည် နှစ်နှစ်လျင်တစ်ကြိမ် မိတ်ဖက်အဖွဲ့အစည်းအားလုံးပါဝင်သည့် မိတ်ဖက် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးများကို ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် မိတ်ဖက်အဖွဲ့ အစည်း မူဘောင် (Partnership Framework) ၏ တိုးတက်မှုကို အကဲဖြတ်နိုင်ခြင်းနှင့် စောင့်ကြည့် စစ်ဆေးခြင်းတို့ကို သေချာအောင် ဆောင်ရွက်ပေးလျှက်ရှိသကဲ့သို့ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းသွားနိုင်ရန် အခွင့်အလမ်းတစ်ခုရရှိအောင်ဖန်တီးပေးလျက် ရှိ ပါသည်။