လူသားချင်းစာနာထောက်ထားမှုအမှတ်အသားများ

လူသားချင်းစာနာထောက်ထားမှုအမှတ်အသားများ

ကြက်ခြေနီနှင့်လခြမ်းနီ အမှတ်အသားများသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများတွင် တစ်ကမ္ဘာလုံးကသိရှိထားသော လူတို့အတွက် မျှော်လင့်ချက် ပေးသည့် အမှတ်လက္ခဏာဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခနှင့် အခြားသောအကြမ်းဖက်မှု အခြေအနေများ၏ ဒဏ် သို့မဟုတ် သဘာဝဘေးအန္တရာယ်၏ အခက်အခဲများ ကိုကြံ့ကြံ့ခံနေရသော ရပ်ရွာလူထုအသိုင်းအဝိုင်းများအတွက် ဤအမှတ်အသားများက အကူအညီ လာနေပြီဖြစ်ကြောင်း အချက်ပြနေပါသည်။

ဤအမှတ်အသားများကို စစ်မြေပြင်ဆေးရုံတွင် အလုပ် လုပ်နေသော ဆရာဝန်၏တံဆိပ်ပေါ်၌ အသုံးပြုထား သည့်အခါ သို့မဟုတ် စစ်ပွဲအတွင်း ဒဏ်ရာရသူများအား သယ်ယူပို့ဆောင်ပေးသော ယာဉ်၌ အသုံးပြုထားသည့်အခါ သို့မဟုတ် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်သော လေယာဉ်၌ အသုံးပြုထားသည့်အခါ ယင်းတို့သည် ကမ္ဘာ တစ်ဝှမ်းရှိ လူသားများအတွက် ခွဲခြားမှုမရှိသော၊ ကြားနေပြီး လွတ်လပ်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်ကို ဖော်ပြလျက်ရှိပါသည်။

ထို့အပြင် ကြက်ခြေနီ၊ လခြမ်းနီနှင့် ခရစ္စတယ်နီ အမှတ် အသားများသည် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားချိန်များ တွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ် များ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၊ ဆေးဘက်ဆိုင် ရာယာဉ်များနှင့် တရားဝင်ခွင့်ပြုထားသော အရပ်ဘက် ဆေးဝန်ထမ်းများကို အကာအကွယ်ပေးသည့်နိုင်ငံတကာ အသိအမှတ်ပြု အမှတ်အသားများ ဖြစ်ကြပါသည်။

လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆေးဝန်ထမ်းများအား အရန် အဖြစ် ကူညီဆောင်ရွက်ပေးရသည့်အခါ သို့မဟုတ် ဂျီနီဗာသဘောတူညီချက်များနှင့်အညီ သက်ဆိုင်ရာအာဏာပိုင်များက တရားဝင် ခွင့်ပြုသည့်အခါတို့တွင် `အမျိုးသားကြက် ခြေနီနှင့်လခြမ်းနီအသင်းများ (အမျိုးသားအသင်းများ)၏ ဆေးဝန်ထမ်းများသည်လည်း ဤသို့အကာအကွယ်ပေးခြင်း ခံရသူများထဲတွင် ပါဝင်ပါသည်။

ဤအမှတ်အသားများသည် ဘာသာရေး၊ နိုင်ငံရေး သို့မဟုတ် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များနှင့် ဆက်စပ်မှု မရှိပါ။ ယင်းတို့ကို အောက်ပါအတိုင်းနည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်ပါသည်-

  • ဤအမှတ်အသားများကို အသုံးပြုဖော်ပြထားသော လူပုဂ္ဂိုလ်များ၊ ယာဉ်များနှင့် အဆောက်အအုံများအား အမြဲတစေ အကာအကွယ်ပေးရမည်ဖြစ်ပြီး၊ ပစ်မှတ် ထားခြင်း၊ တိုက်ခိုက်ခြင်းများမပြုကြရန် အကာအကွယ် ပေးထားသည့် အမှတ်အသားဖြစ်ကြောင်း လက်နက် ကိုင်ပဋိပက္ခတွင် ပါဝင်သောအဖွဲ့များကို သိစေရန် ဖြစ်ပါသည်။ ယင်းသို့ အသုံးပြုခြင်းကို အကာအကွယ် ပေးရန်အတွက် အသုံးပြုခြင်းဟု ခေါ်ဆိုပါသည်။
  • လူပုဂ္ဂိုလ်၊ ယာဉ် သို့မဟုတ် အဆောက်အအုံသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု တွင်ပါဝင်သည့် အဖွဲ့အစည်းများနှင့် ပတ်သက်ဆက် နွှယ်မှုရှိကြောင်းကို ဖော်ညွှန်းပြသရန် ဖြစ်ပါသည်။ ယင်းသို့အသုံးပြုခြင်းကိုဖော်ညွှန်းပြသရန်အတွက် အသုံးပြုခြင်းဟု ခေါ်ဆိုပါသည်။

အမှတ်အသားများကို မည်သို့ အသုံးပြုနိုင်မည်နည်း။

၁၉၄၉ခုနှစ် ဂျီနီဗာသဘောတူညီချက်များနှင့် များအရ ယင်းအမှတ်အသားများအား ယင်းတို့၏ ၁၉၇၇ခုနှစ်နှင့်  ၂၀၀၅ ခုနှစ်နောက်ဆက်တွဲသဘောတူညီချက်များအရ ယင်းအမှတ်အသားများအား အသုံးပြုခြင်းကို တင်းကျပ်စွာ စည်းကမ်းသတ်မှတ်ထားပါသည်။ ယင်းအမှတ် အသားများကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်ပါသည်။


အကာအကွယ်ပေးသော ရည်ရွယ်ချက်များအတွက်

လက်နက်ကိုင်ပဋိပက္ခ ကာလများတွင် အောက်ဖော်ပြပါတို့အား လုံခြုံဘေးကင်းစေရန် အကာအကွယ်ပေးသော ရည်ရွယ်ချက်များအတွက် ယင်းတို့ကို အသုံးပြုနိုင်သည်။

  • လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆေးဝန်ထမ်းများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဘာသာရေး ဆိုင်ရာပုဂ္ဂိုလ်များ၊
  • လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆေးဝန်ထမ်းများကို အထောက်အကူပေးရန် တာဝန်ပေးထား သော အမျိုးသားအသင်းများ၏ ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များ၊ အထောက် အကူပြုပစ္စည်းများနှင့် ယာဉ်များ၊
  • အစိုးရ၏ ခွင့်ပြုချက်နှင့် ယင်း၏ထိန်းချုပ်မှုအောက် တွင်ရှိသော အရပ်ဘက်ဆေးရုံများ၊ အရပ်သားဆေး ဘက်ဆိုင်ရာ အဖွဲ့များနှင့် အခြားသော စေတနာလုပ် အားရှင် ကယ်ဆယ်ရေးအသင်းများနှင့် အထောက် အကူပြုပစ္စည်းများ၊ ယင်းတို့၏ ဝန်ထမ်းများနှင့် အရပ်သား ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များ၊ ဒဏ်ရာရသူ၊ နာမကျန်း ဖြစ်သူများနှင့် သင်္ဘောပျက်ရာတွင် ပါဝင် သူများကို ကုသပေးရန်နှင့် သယ်ယူပို့ဆောင်ရန်တာ ဝန်ပေးထား သော ယာဉ်များ။

အမှတ်အသားသုံးမျိုးလုံးတွင် တူညီသော အဆင့်အတန်း ရှိပြီး ယင်းတို့ တစ်ခုချင်းစီကို အကာအကွယ်ပေးသည့် အမှတ်အသားအဖြစ် အသုံးပြုနိုင်သည်။ ယင်းတို့ကို စကားလုံး သို့မဟုတ် အပိုရုပ်ပုံများ၊ အဆင်ဒီဇိုင်းများ သို့မဟုတ် စာသားများ မပါရှိစေဘဲ အဖြူရောင်အောက်ခံ တွင် ဖော်ပြအသုံးပြုရပါမည်။

ငြိမ်းချမ်းသောကာလများတွင် အောက်ဖော်ပြပါတို့က ယင်းအမှတ်အသားများကို အကာအကွယ်ပေး သည့် သင်္ကေတအဖြစ် ယင်းတို့တစ်ခုချင်းစီ၏ သီးသန့်ပုံစံဖြင့် လည်း ဖော်ပြအသုံးပြုနိုင်ပါသည် –

  • လက်နက်ကိုင်တပ်ဖွဲ့များ၏ ဆေးဝန်ထမ်းများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ ဘာသာ‌ရေး ဆိုင်ရာပုဂ္ဂိုလ်များ၊
  • လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားစဉ် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၏ သဘော တူညီချက်ဖြင့် စုစည်းထားသော အမျိုးသားအသင်း၏ ဝန်ထမ်းများ၊ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုနေရာဌာနပစ္စည်း များနှင့် ယာဉ်များ။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) တို့သည် ဤအမှတ်အသားများ ကို ငြိမ်းချမ်းစဉ်ကာလနှင့် လက်နက်ကိုင် ပဋိပက္ခကာလ များတွင် အမြဲတစေ အသုံးပြုခွင့်ရှိပါသည်။


ဖော်ညွှန်းပြသသော ရည်ရွယ်ချက်များအတွက်

ငြိမ်းချမ်းသောကာလများတွင် အောက်ဖော်ပြပါတို့က ယင်းအမှတ်အသားများကို ဖော်ညွှန်းပြသသော ရည်ရွယ် ချက်များအတွက် အသုံးပြုနိုင်သည် –

  • ကြက်ခြေနီနှင့်လခြမ်းနီလှုပ်ရှားမှု အမျိုးသားအသင်းများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC) သို့မဟုတ် အပြည်ပြည်ဆိုင်ရာဖက်ဒရေးရှင်း(IFRC) နှင့် ဆက်နွှယ်သည့် စေတနာလုပ်အားရှင်များ၊ ဝန်ထမ်းများ၊ အောက်ဖော်ပြပါတို့က အကာအကွယ်ပေးသည် အဆောက်အအုံနှင့် ယင်းတို့အသုံးပြုသော ပစ္စည်းများ၊
  • ချွင်းချက်အဖြစ် ပြည်တွင်းဥပဒေနှင့်အညီ အမျိုးသား အသင်း၏ခွင့်ပြုချက်ဖြင့် ဒဏ်ရာရသူများနှင့် နာမကျန်း သူများကို အခမဲ့ကုသမှုပေးရန်အတွက်သာ တာဝန်ပေး ထားသော လူနာတင်ယာဉ်များနှင့် ရှေးဦးပြုစုရေး စခန်းများ။

ကြက်ခြေနီနှင့်လခြမ်းနီလှုပ်ရှားမှု အဖွဲ့ဝင်များသည် ၎င်းတို့၏ အမှတ်အသားများတွင် ယင်းအမှတ်အသားများကို ဖော်ညွှန်းပြသသော အမှတ်အသားအဖြစ် ၎င်းတို့၏ အမှတ် တံဆိပ်များတွင် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အသုံးပြု သည့်အခါ ကြက်ခြေနီ သို့မဟုတ် လခြမ်းနီ အမှတ်အသားကို ၎င်းတို့၏ အမည် သို့မဟုတ် အတိုကောက်စာလုံးတို့ တွဲလျက် ပါရှိရပါမည်။ ယင်းအမှတ်အသားများကို အကာအကွယ် ပေးသော ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းနှင့်ရော ထွေးမှုမဖြစ်စေရေးအလို့ငှာ အမှတ်အသားကို အရွယ် အစားသေးငယ်စွာ ဖော် ဖော်ပြရမည်ဖြစ်ပြီး လက်မောင်းပတ် ပေါ်တွင်လည်းကောင်း၊ အဆောက်အအုံအမိုးများ ပေါ်တွင်လည်းကောင်း ထားရှိခြင်းမပြုရပါ။


အမှတ်အသားများကို လွဲမှားစွာအသုံးပြုခြင်း

ဤအမှတ်အသားများကို လွဲမှားစွာအသုံးပြုခြင်းသည် လက်နက်ကိုင်ပဋိပက္ခကာလများတွင် အမှတ်အသားများ၏ အကာအကွယ်ပေးနိုင်စွမ်းကို ယုတ်လျော့ကျဆင်းစေပြီး အမှတ်အသားများ အပေါ်ထားရှိသည့် အလေးထားလေးစားမှု ကိုထိခိုက်စေနိုင်ပါသည်။ ဤသို့ လွဲမှားစွာ အသုံးပြုခြင်းသည် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုပေးနေစဉ် အကာအကွယ်ရ ရှိရန်အတွက် ဤအမှတ်အသားများကို အသုံးပြုခွင့်ရှိသူများအား အသက်အန္တရာယ်ကျရောက်စေနိုင်သည့်အပြင် ဤလှုပ်ရှားမှု ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များ၏ လုံခြုံဘေးကင်းစွာ သွားရောက်နိုင်မှုကိုပါ ထိခိုက်စေနိုင်ပါသည်။ ဤအမှတ်အသားများကို အသုံးမပြုရမည့်နည်းလမ်းအချို့အား အောက်တွင် ဖော်ပြထားပါသည်။

ဆင်တူယိုးမှား တုပခြင်း

ဤအမှတ်အသားများထဲမှ တစ်ခုမဟုတ်တစ်ခုနှင့် ပုံသဏ္ဍာန် အရလည်းကောင်း၊ အရောင်အဆင်း အရလည်းကောင်း ရောထွေးသွားစေနိုင်သည့် အမှတ်သင်္ကေတတစ်ခုကို အသုံး ပြုခြင်း။

တလွဲ အသုံးပြုခြင်း

အမှတ်အသားကို အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဥပဒေနှင့်မကိုက်ညီသော မည်သည့်အသုံးပြုမှုမဆို အသုံးပြုခွင့်မရှိသူ သို့မဟုတ် အဖွဲ့အစည်းများ (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ၊ ဆေးဝါး ရောင်းချသူများ၊ ပုဂ္ဂလိကဆရာဝန်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တစ်ဦးချင်းပုဂ္ဂိုလ်များ စသဖြင့်) သို့မဟုတ် ဤအမှတ်အသား အပေါ် အထူးအလေးထားမှု သို့မဟုတ် လေးစားမှုအား ထိခိုက်စေနိုင်မည့် ရည်ရွယ်ချက်များအတွက် အမှတ်အသားကို အသုံးပြုခြင်း။


သစ္စာမဲ့စွာအသုံးပြုခြင်း

တိုက်ပွဲဝင်စစ်သည်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများအား ကာကွယ်ရန်နှင့် ရန်သူအား လှည့်စားရန် ရည်ရွယ်ချက်ဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ဤအမှတ်အသားကို အသုံးပြုခြင်း။ ဤအမှတ်အသားကို သစ္စာမဲ့စွာ အသုံးပြုမှုကြောင့် လူ့အသက်ဆုံးရှုံးမှု သို့မဟုတ် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရမှုဖြစ်စေလျှင် ယင်းကိုစစ်ရာဇဝတ်မှုဟု မှတ်ယူသည်။

ဤအမှတ်အသားများနှင့် ယင်းတို့၏အကာအကွယ်ပေးမှုကို တစ်ကမ္ဘာလုံးက အလေးထား လေးစားကြစေရန် ၁၉၄၉ခုနှစ် ဂျီနီဗာသဘောတူညီချက်များ၏ စာချုပ်ဝင်နိုင်ငံ တစ်ခုချင်း စီ၌ ဤအမှတ်အသားများကို အသုံးပြုခြင်းအား စည်းကမ်း သတ်မှတ်ပေးရန်၊ စစ်ပွဲကာလနှင့် ငြိမ်းချမ်းစဉ်ကာလများ တွင် ဤအမှတ်အသားများကို တလွဲအသုံးပြုခြင်းမှ ကြိုတင် ကာကွယ်တားဆီးရန်နှင့် တလွဲသုံးခြင်းအတွက် ပြစ်ဒဏ်ပေး ရန် ရည်ရွယ်ချက်ဖြင့် ပြည်တွင်းဥပဒေ ပြဌာန်းပေးရန် တာဝန်ရှိပါသည်။

အစိုးရအာဏာပိုင်အဖွဲ့အစည်းများက ပြည်သူလူထု၊ စီးပွား ရေးလုပ်ငန်များနှင့် ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းများအား ၍အမှတ်အသားများကို စနစ်တကျအသုံးပြုရေးနှင့် စပ်လျဉ်း၍ အသိပေးရန်လည်း အဆင့်ဆင့် ဆောင်ရွက် ရပါမည်။

ဤအမှတ်အသားများကို စနစ်တကျ အသုံးပြုကြစေရန် အမျိုးသားအသင်းများကလည်း အစိုးရအာဏာပိုင်အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရပါမည်။


အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုက ဆောင်ရွက်သော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်၏ အမှတ်အသားများ

လက်နက်ကိုင်ပဋိပက္ခ၊ သဘာဝဘေးအန္တရာယ်များ သို့မဟုတ် အခြားသောအရေးပေါ် အခြေအနေများ ဖြစ်ပွား နေစဉ်အတွင်း ဤလှုပ်ရှားမှုနှင့် ပတ်သက်ဆက်နွှယ်မှု ရှိကြောင်းပြသရန် ကြက်ခြေနီ သို့မဟုတ် လခြမ်းနီ အမှတ် အသားကို အသုံးပြုခြင်းဖြင့် အမျိုးသားအသင်း၏ ဝန်ထမ်း များနှင့် စေတနာလုပ်အားရှင်များက ၎င်းတို့ဆောင်ရွက် နေသောလုပ်ငန်းသည် လူသားချင်းစာနာ ထောက်ထားမှု သက်သက်ဖြစ်ပြီး အကျပ်အတည်းများကြောင့် ကြာင့် ဒုက္ခရောက် နေသူများနှင့် ရပ်ရွာလူထုအသိုင်းအဝိုင်းများထံ ၎င်းတို့၏ လုံခြုံဘေးကင်းစွာ သွားရောက်ခွင့်ကို အမြဲတစေ လေးစား ရမည်ဆိုသည့် အလွန်အရေးကြီးသော သတင်းစကားကို ပေးနေခြင်းဖြစ်ပါသည်။

ဤလှုပ်ရှားမှုအတွင်း အဆိုပါအမှတ်အသားများကို အသုံး ပြုသူများသည် ၎င်းတို့၏ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ လုပ်ငန်းများကို လူသားချင်းစာနာ ထောက်ထား ခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်း နှင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခြင်းဟူသော ဤလှုပ်ရှားမှု၏ အခြေခံမူခုနစ်ချက်နှင့် အညီဆောင်ရွက်ရန် ကတိကဝတ် ပြုလိုက်ခြင်း ဖြစ်သည်။

၎င်းတို့၏အလုပ်သည် နိုင်ငံရေး၊ ဘာသာရေး၊ စစ်ရေး သို့မဟုတ် စီးပွားရေး အကြောင်းအရာများနှင့် ပတ်သက် ဆက်နွှယ်မှု မရှိကြောင်းကို အများပြည်သူတို့က နားလည် သဘောပေါက်ပြီး အားလုံးက ၎င်းတို့ကို လက်ခံယုံကြည် ကာ အလေးထား လေးစားကြရပါမည်။

ပြည်သူတစ်ရပ်လုံးနှင့် လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင် သည့် အဖွဲ့အားလုံးတို့က ဤလုပ်ငန်းဆောင်ရွက်နေသူများ၏ ရည်ရွယ်ချက်များအပေါ် နားလည်ယုံကြည်မှုရှိရန် လွန်စွာ အရေးကြီးပါသည်။ ဤနားလည်ယုံကြည်မှုကပင် ကြက်ခြေ နီနှင့်လခြမ်းနီ ဝန်ထမ်းများနှင့်စေတနာ လုပ်အားရှင်များ အား စစ်ပွဲကာလနှင့် အခြားသော လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ကာလများတွင် အကူအညီ လိုအပ်နေသူများနှင့် လူထုအားလုံးတို့ထံ လုံခြုံ ဘေးကင်းစွာ ရောက်ရှိစေရန် တဖန်ပြန်လည်၍ အထောက် အကူပြုနေပါသည်။


အမှတ်အသားများ ဖြစ်ပေါ်လာပုံ

၁၈၅၉ခုနှစ်တွင် ဆွစ်စ်လူမျိုး စီးပွားရေးသမား ဟင်နရီဒူးနန့် သည် အီတလီမြောက်ပိုင်းကို ဖြတ်သန်းခရီးထွက်ခွာလာစဉ် ဆိုလ်ဖာရီနိုမြို့ အနီး ဖြစ်ပွားခဲ့သော စစ်ပွဲ၏တုန်လှုပ်ဖွယ်ရာ အနိဌာရုံမြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရသည်။ ဆေးဘက်ဆိုင် ရာစောင့်ရှောက်မှုမရဘဲ ဒဏ်ရာဖြင့် သေလုမျောပါးဖြစ်နေ ဘစစ်သည်ထောင်ပေါင်းများစွာတို့၏ ဆင်းရဲဒုက္ခခံစားရမှု ၎င်းကို ကြီးမားစွာ စေ့ဆော်ခဲ့သည်ဖြစ်ရာ ၎င်းက “ဆိုလ်ဖာရီနိုဒေ ရီနိုအောက်မေ့ဖွယ်” အမည်ဖြင့် စာအုပ်တစ်အုပ် ရေးသားထုတ် ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ်တွင် စစ်ဒဏ်ခံရသူများ ကို အ အကူအညီပေးရာ၌ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အတွက် အဆိုပြုချက်နှစ်ရပ်ကို ဖော်ပြခဲ့ပါသည်။

စစ်မက်ကာလတွင် ဒဏ်ရာရစစ်သည်များကို စောင့်ရှောက်မှုပေးရေးအတွက် အရန်သင့်ဖြစ်စေရန် နိုင်ငံတိုင်း၌ စေတနာ့ဝန် စေတနာ့ဝန်ထမ်းများပါဝင်သောကယ်ဆယ် ရေးအသင်းများကို ငြိမ်းချမ်းသောကာလတွင် ဖွဲ့စည်း တည်ထောင်ထားရန်၊

စစ်မြေပြင်တွင် ဒဏ်ရာရသူများနှင့် ဖျားနာနေသူ နေသူများနှင့်၊ ၎င်းတို့ကို ပြုစုစောင့်ရှောက် ပေးသူများအား အကာ အကွယ်ပေးရေးကို နိုင်ငံအများသဘောတူညီထားရန်။

ပထမအဆိုပြုချက်ကို အရင်းခံကာ ကမ္ဘာတစ်ဝှမ်း နိုင်ငံတိုင်း နီးပါးတွင် အမျိုးသားကြက်ခြေနီ သို့မဟုတ် လခြမ်းနီ အသင်းများကို တည်ထောင်ခဲ့ကြပါသည်။

ဒုတိယအဆိုပြုချက်အရ ဂျီနီဗာသဘောတူညီချက်မျ တူညီချက်များကို ချမှတ်ခဲ့ကြပါသည်။ ၁၉၄၉ခုနှစ် ဂျီနီဗာသဘောတူညီချက် လေးခုကို ယခုအခါ နိုင်ငံအားလုံးက လက်ခံထားကြပြီး လေးစားလိုက်နာကြရန် တာဝန်ရှိနေကြပြီဖြစ်ပါသည်။ ဤအဆိုပြုချက်ကြောင့် လက်နက်ကိုင် ပဋိပက္ခအတွင်း စစ်ဘက်ဆိုင်ရာဆေးဝန်ထမ်းများ၊ စေတနာလုပ်အားရှင် အကူအညီပေးရေး လုပ်သားများနှင့် ဒဏ်ရာရသူများကို

အကာအကွယ်ပေးနိုင်ရန် အထောက်အကူဖြစ်စေမည့် သိသာထင်ရှားသော အမှတ်အသားတစ်ခုကို သတ်မှတ် ပြဌာန်းပေးနိုင်ခဲ့ပါသည်။ ထိုအမှတ်လက္ခဏာ သို့မဟုတ် ယခုခေါ်ဆိုနေကြသည့် “အမှတ်အသား” သည် ရိုးရှင်းရ မည်၊ အဝေးမှခွဲခြားနိုင်ရမည်၊ လူတိုင်းက သိရှိရမည်ဖြစ်ပြီး အမြဲတစေ တစ်ပုံစံတည်း ဖြစ်ရပါမည်။ ၁၈၆၄ခုနှစ် ဩဂုတ်လတွင် ဂျီနီဗာ၌ ကျင်းပသည့် သံတမန် ဆိုင်ရာညီလာခံက ဆွစ်ဇာလန်အလံကို အရောင်ပြောင်းပြန် ပြုလုပ်ထားသော အဖြူရောင် အောက်ခံပေါ်ရှိ ကြက်ခြေနီ အမှတ်အသားကို အတည်ပြုပြဌာန်းပေးခဲ့ပါသည်။ ထို့နောက် ၁၈၇၆ခုနှစ်မှ ၁၈၇၈ခုနှစ် အထိ ဖြစ်ပွားခဲ့သော ရုရှားနှင့် တူရကီတို့၏ စစ်ပွဲအတွင်း အော်တိုမင်အင်ပါယာက ကြက် ခြေနီအစား ယင်း၏ လခြမ်းနီအမှတ်အသားကို အသုံးပြု မည်ဟု ကြေညာခဲ့ပါသည်။ ၁၉၂၉ခုနှစ်တွင် ပထမဂျီနီဗာ သဘောတူညီချက်ကို ပြင်ဆင်ရာ၌ လခြမ်းနီ အမှတ်အသား အားတရားဝင် အမှတ်အသားအဖြစ် အသိအမှတ်ပြုခဲ့ ပါသည်။

၂၀၀၅ခုနှစ်တွင် ၁၉၄၉ခုနှစ် ဂျီနီဗာသဘောတူညီချက်များ၏ စာချုပ်ဝင်နိုင်ငံများက ခရစ္စတယ်နီကို ထပ်တိုးအမှတ်အသား အဖြစ် သတ်မှတ်ပြဌာန်းပေးခဲ့သည်။ ခရစ္စတယ်နီသည် ဥပဒေ နေ ဆိုင်းတူဖြစ်ပြီး၊ တူညီသောနည်းဖြစ်ပါသည်။ ဆိုင်ရာအဆင့်အတန်းတွင် ကြက်ခြေနီ၊ လခြမ်းနီတို့နှင့် စည်းကမ်းများအတိုင်း ယင်းကို အသုံးပြုနိုင်ပါသည်။ ကြက်ခြေနီ သို့မဟုတ် လခြမ်းနီကို အသုံးပြုရန် ဆန္ဒမရှိသော နိုင်ငံများနှင့် အမျိုးသားအသင်းများအတွက် ခရစ္စတယ်နီသည် ရွေးချယ် စရာတစ်ခု ဖြစ်လာပါသည်။