လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်း အကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခြင်းဟူသော ဤအခြေခံမူ(၇)ချက် သည် ကြက်ခြေနီလှုပ်ရှားမှု၏ ကျင့်ဝတ်များကို အနှစ်ချုပ်ဖော်ပြထားခြင်း ဖြစ်သည့်အပြင် လက်နက်ကိုင်ပဋိပက္ခ၊ သဘာဝဘေး အန္တရာယ်များနှင့် အခြားအရေးပေါ်အခြေအနေများတွင် လိုအပ်နေသူများကိုကူညီရန် ဤလှုပ်ရှားမှုက ဆောင်ရွက် သည့် လုပ်ကိုင်ပုံ နည်းလမ်းများအတွက် အဓိကလမ်းညွှန် လည်း ဖြစ်ပါသည်။
ဤအခြေခံမူများသည် ကြက်ခြေနီလှုပ်ရှားမှုတွင်ပါဝင်သော အစိတ်အပိုင်းများဖြစ်သည့် အပြည်ပြည် ဆိုင်ရာကြက်ခြေနီ ကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီ အသင်းများဖက်ဒရေးရှင်း နှင့် အမျိုးသားအသင်းများကို တညီတညွတ်တည်း ဖြစ်စေပြီး ယင်းတို့က လိုအပ်နေသူများ အား ဘက်လိုက်မှု မရှိသည့် အကူအညီများကို ထိရောက်စွာ ပေးရမည်ဖြစ်ပါသည်။
ဤအခြေခံမူများသည် ဤကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်သော အစိတ်အပိုင်းများအားလုံးက အချိန်တိုင်းတွင် မဖြစ်မနေလိုက်နာရမည့် စည်းမျဉ်းများဖြစ်ပြီး အစိုးရများ ကလည်း ဤလိုအပ်ချက် ကို အလေးထား လေးစားရပါ မည်။
ဤအခြေခံမူများသည် ကြက်ခြေနီလှုပ်ရှားမှု၏ ကိုယ်ပိုင်လက္ခဏာအတွက် အဓိကကျပါသည်။ ဤမူများကို လိုက်နာခြင်းအားဖြင့် ဤလှုပ်ရှားမှုက ဆောင်ရွက်နေသော လုပ်ငန်းများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သဘောသဘာဝနှင့် ကမ္ဘာတစ်ဝှမ်းဆောင်ရွက်လျက်ရှိသော ယင်း၏ လုပ်ငန်းများအားလုံးကို ရှေ့နောက်ညီညွတ်စေ ပါသည်။ ဤအခြေခံမူများသည် ဖွဲ့စည်းပုံ၊ ယဉ်ကျေးမှုနှင့် အဖွဲ့ဝင်ဖြစ်မှုတို့တွင် အမျိုးမျိုးအဖုံဖုံ ကွဲပြားလျက်ရှိသော အမျိုးသားအသင်းများ အတွက် တူညီသော ဘုံသဘော တူညီချက်တစ်ရပ်ကို ဖော်ပြနေခြင်းဖြစ်ပါသည်။