12/ Apr/ 2021

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်မိသူအား ကြက်ခြေနီက ရှေးဦးပြုစု‌ပေးပြီး ဆေးရုံသို့ကူညီပို့ဆောင်

၂၀၂၁ ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့ ညပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရှိကြောင်းသိရှိရသဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးသန်းအောင်မိုးနှင့် တပ်စုမှူးဦးဖြိုးသုခတို့သည် ထိခိုက်ဒဏ်ရာရသူအား ရှေးဦးပြုစုနည်းဖြင့်ပြုစုစောင့်ရှောက်ပေးခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှလူနာတင်ယာဉ်ဖြင့်ဆေးရုံသို့ အချိန်မီ ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။

Read More

  11/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ကြက်‌ေခြနီအသင်းခွဲမှ ကြက်ခြေနီ‌ေစတနာလုပ်အားရှင်များသည် ကျောက်ကပ်လူနာအမျိုးသမီး(၁)ဦး ကို ဆေးရုံပို့ပေးပြီး လေဖြတ်လူနာအမျိုးသား(၁)ဦးကို လှိုင်သာယာဆေးရုံမှ အင်းစိန်နေအိမ်သို့ အသင်းခွဲမှလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။  

Read More

  11/ Apr/ 2021

မောင်တောတွင် မွေးလူနာအတွက် အရေးပေါ်လိုအပ်သည့်သွေး ကြက်ခြေနီလှူဒါန်း

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၁)ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ် မောင်တောမြို့၊ သစ်တုန်းနားခွဆုံမှမွေးလူနာတစ်ဦး အရေးပေါ်သွေးလိုအပ်နေသဖြင့် မောင်တောမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင် ဦးသန်းဇော်ဦးသည် (A)သွေးတစ်လုံးကို (၆)ကြိမ်မြောက်အဖြစ် သွေးလှူဒါန်းခဲ့ပါသည်။

Read More

  10/ Apr/ 2021

အသက်ရှုကြပ်၍ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်နေသည့် လူနာတစ်ဦးအား ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ် ရှေးဦးပြုစုပေးခဲ့ကြပြီး ဆေးရုံသို့ပို့ဆောင်ပေး

၂၀၂၁ခုနှစ်၊ ဧပြီလ၁၀ရက်နေ့ နံနက်၁နာရီခန့်က လှိုင်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အသက်ရှုကြပ်၍ အရေးပေါ်ဆေးကုသမှုခံယူရန်လိုအပ်နေသည့် လူနာတစ်ဦးအား အရေးပေါ် ရှေးဦးပြုစုပေးခဲ့ကြပြီး လူနာတင်ယာဥ်ဖြင့် အာယုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

Read More

  09/ Apr/ 2021

ရေးမြို့နယ် မာန်အောင်ကျေးရွာ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကြက်ခြေနီက ပစ္စည်းများထောက်ပံ့

၂၀၂၁ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့က လတ်တလောဖြစ်ပေါ်နေသည့် အခက်အခဲများကြောင့် မွန်ပြည်နယ် ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာရှိ တပ္ပလင် နှစ်ဆူ ဓမ္မာရုံနှင့်နန်းတော်ဦးဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု (၄၉) စု လူဦးရေ (၁၅၄) ဦးအတွက် အရေးပေါ်လိုအပ်နေသည့် စောင်၊ ခြင်ထောင် ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတို့အား ရေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

Read More

  09/ Apr/ 2021

သီပေါတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကြက်ခြေနီမှ အရေးပေါ်ယင်လုံအိမ်သာများ ကူညီဆောက်လုပ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးစိုင်းဇော်၀င်းနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၂၁ခုနှစ်၊ ဧပြီ(၉)ရက်နေ့က သီပေါမြို့တွင် ယာယီနေရပ်စွန့်ခွာရောက်ရှိနေကြသော အိမ်ထောင်စု (၄၆) စု၊ လူဦးရေ (၂၁၆) ဦးအတွက် အရေးပေါ်ယင်လုံအိမ်သာများကို ဆောက်လုပ်ပေးခဲ့ကြပါသည်။

Read More

  09/ Apr/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၂၀၂၁ခုနှစ်၊ ဧပြီလ(၉)ရက် "မြန်မာနိုင်ငံကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကြက်ခြေနီအသင်းခွဲက အထွေထွေရောဂါကုအခမဲ့ဆေးခန်းကို ၂၀၂၁ခုနှစ်၊ မတ်လ(၂၁)ရက်က စပြီးဖွင့်ထားတာပါ။တနင်္ဂနွေ၊ အင်္ဂါနဲ့ကြာသပတေးနေ့တွေမှာ နံနက်(၈)နာရီကနေ နေ့လည်(၁၂)နာရီအထိ ပြည်သူတွေကိုကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါတယ်။တစ်နေ့ကို ပြည်သူ(၃၀)ဦးခန့် လာရောက်ကုသမှုခံယူကြတာတွေ့ရပြီး ကြက်ခြေနီစေတနာလုပ်အားရှင်တွေကလည်း ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်လို့" ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက် ရဲ့ ပီတိဖြစ်ဖွယ်‌‌စကားကို ကျေးဇူးတင်စွာနဲ့ဖော်ပြလိုက်ရပါတယ်။

Read More

  08/ Apr/ 2021

အရိုးကျိုးလူနာအား ကြက်ခြေနီအသင်းခွဲမှလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့‌ဆောင်‌

၂၀၂၁ခုနှစ်၊ ဧပြီလ(၈)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် သင်္ဃန်းကျွန်းမြို့နယ်(ဇ/မြောက်)ရပ်ကွက်မှ အရိုးကျိုးလူနာအား အသင်းခွဲမှလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီ
ပို့‌ဆောင်‌ပေးခဲ့ကြသည်။

Read More

  08/ Apr/ 2021

သီပေါတွင် ယာယီနေရပ်စွန့်ခွာသူများကို ကြက်ခြေနီက ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးတို့သည် ၂၀၂၁ခုနှစ်၊ ဧပြီလ(၈)ရက်နေ့က သီပေါမြို့နယ်၌ ယာယီနေရပ်စွန့်ခွာ ရောက်ရှိနေကြသော အိမ်ထောင်စု(၆၀)အတွက် မြန်မာနိုင်ငံကြက်ခြေနီ
အသင်းမှထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၆၀)ပုံးနှင့်အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၆၀)အိတ်ကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှထောက်ပံ့သော အိမ်ထောင်စု(၁၄၀)အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၄၀)ပုံးနှင့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း(၁၄၀)အိတ်ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ယာယီသန့်စင်ခန်းတစ်ခုကို ကူညီဆောက်လုပ်ပေးခဲ့ကြပါသည်။

Read More