15/ Nov/ 2020

COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ချီးမြှင်သည့် ဂုဏ်ပြုလွှာများ ရေဖြူမြို့နယ်တွင်ပေးအပ်

COVID-19ရောဂါကာကွယ်ရေးလုပ်ငန်များ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ချီးမြှင့်သည့် ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းကို တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြိုနယ်တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ကပြုလုပ်ခဲ့ရာမှာ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဉီညီညီသိန်းက ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အဆိုပါပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှူးဒေါ်သီတာနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြတယ်။

Read More

  14/ Nov/ 2020

ကြက်ခြေနီစေတနာလုပ်အားရှင်များ စည်းလုံးညီညွတ်စွာဆောင်ရွက်ခြင်းဖြင့် အများပြည်သူအကျိုးသယ်ပိုးမည်

သီပေါမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးစိုင်းဇော်ဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ သီပေါမြို့ဝင်စစ်ဆေးရေးဂိတ်မှာ ခရီးသွားပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအပြင် ရွှေကျောင်းရိပ်သာနှင့် စက္ခုဒါနဆေးရုံရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။

Read More

  14/ Nov/ 2020

ကျေးရွာအရောက်ခရီးပေါက်ရမည် ကျွန်တော်တို့ကြက်ခြေနီ 

နမ္မတူမြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကိုနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း) က ဘော်တွင်းစစ်ဆေးရေးဂိတ်မှာ ခရီးသည်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်းတိုင်းပေးခြင်း၊ စာရင်းများမှတ်သားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် ကောင်းဟုန်ကျေးရွာမှာလည်း မိုင်းအန္တရာယ်အသိပညာပေးခြင်း လုပ်ငန်းများ ပြုလုပ်ခဲ့ကြပါတယ်။

Read More

  13/ Nov/ 2020

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ရှမ်းပြည်နယ် (တောင်ပိုင်း)က ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာကျောင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ နေရပ်ပြန်ပြည်သူ ၂၄ ဦးအတွက် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ထောက်ပံ့ပေးသော အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ပေးအပ်ခဲ့ကြတယ်။

Read More

  13/ Nov/ 2020

ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် သွားရောက်ကူညီဆောင်ရွက်ကြမည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုသောအားဖြင့် အလှူရှင်များက အလှူငွေများ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြပါတယ်။ 🙏🙏🙏 နိုင်ဝင်ဘာလ ၁၃ ရက်နေ့က လှူဒါန်းခဲ့ကြသော ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် (၂၅) သိန်း၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ် Shining Myanmar ကုမ္ပဏီမှ ငွေကျပ် (၁၂)သိန်း (၅)သောင်း၊ ဦးလှထွန်း(မိသားစု) အောင်မြေသံလွင်ကုမ္ပဏီမှ ငွေကျပ် (၅)သိန်း၊ ဦးထွန်းမြင့်(မိသားစု) ရှင်းယွင်မုန့်တိုက်မှ ငွေကျပ် (၅)သိန်း၊ ဦးဆန်းဝင်း(မိသားစု) ဇွဲထက်စိန်ရွှေရတနာဆိုင်မှ ငွေကျပ် (၃)သိန်း၊ ဦးကျော်ခင်(မိသားစု) လပ်ကီးစိန်ရွှေရတနာဆိုင်မှ ငွေကျပ် (၃)သိန်း၊ ဦးသောင်းဟန်(မိသားစု) ဆင်နှစ်ကောင်ဟိုတယ်မှ ငွေကျပ် (၁)သိန်းနှင့် ဦးညီထွေး (မိသားစု) စန်းသိင်္ဂီရွှေဆိုင်မှ ငွေကျပ် (၁)သိန်း၊ စုစုပေါင်း လှူဒါန်းငွေကျပ် (၅၅)သိန်း (၅)သောင်း တို့ကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပါတယ်။

Read More

  13/ Nov/ 2020

💜💜 ယုံကြည်အားထား ကြက်ခြေနီစေတနာလုပ်အားရှင်များ 💜💜

💐💐 လှိုင်းဘွဲ့မြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ဝင်ဂိတ်မှာ ခရီးသည်များ ကိုဗစ်-၁၉ ရောဂါကာကွယ်စေရေးအတွက် ကိုယ်အပူချိန်တိုင်းပေးတယ်၊ အမည်စာရင်းများမှတ်သားပေးတယ်၊ နှာခေါင်းစည်းများအခမဲ့ပေးဝေတယ်၊ လက်သန့်ဆေးရည်များဖြန့်ဝေတယ်၊ ကျန်းမာရေးအသိပညာပေးခဲ့ကြပါတယ်။ ထို့အတူပဲ ဦးစောဆန်းဝင်းတို့ကြက်ခြေနီစေတနာလုပ်အားရှင် တွေကလည်း ဆင်ကူးကျေးရွာက မဲရုံများအဖြစ်ပြုလုပ်ခဲ့တဲ့ စာသင်ကျောင်းများကို ဆေးဖျန်းပေးခဲ့ကြပါတယ်။

Read More

  13/ Nov/ 2020

နိုဝင်ဘာလ ၁၃ရက်နေ့က ထိုင်းနိုင်ငံ အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ကို နေရပ်ပြန်ပြည်သူ ကျား(၁၁၄)ဦး၊ မ(၂၆)ဦးတို့ ပြန်လည်ရောက်ရှိလာကြပါတယ်။ အဲ့ဒီလိုရောက်ရှိလာကြတဲ့ နေရပ်ပြန်ပြည်သူတွေအတွက် တာချီလိတ်ခရိုင်/မြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်တွေက အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေမှာ နေရာထိုင်ခင်းစီစဉ်ပေးခြင်းနဲ့ နေရပ်အသီးသီးက မိသားစုများနှင့်ပြန်လည်ဆက်သွယ်နိုင်ဖို့အတွက် အချက်အလက်ရယူတာတွေနဲ့ လိုအပ်တဲ့အကူအညီတွေပေးဖို့ ဆောင်ရွက်ပေးခဲ့ကြတဲ့အပြင် ကိုဗစ်၁၉ရောဂါကူးစက်မှုမဖြစ်ပွားစေဖို့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေနဲ့ ရှောင်ကြဉ်ရမယ့်အရာတွေကိုလည်း သေချာသဘောပေါက်နားလည်အောင် အသိပညာဗဟုသုတအနေနဲ့ မျှဝေပေးခဲ့ကြပါတယ်။

Read More

  13/ Nov/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအခမ်းအနားကျင်းပပြုလုပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက်(၆၅)နှစ် ပြည့်သည် အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဂုဏ်ထူးဆောင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ဟောင်းများနှင့် COVID -19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီက virtual ceremony ဖြင့်ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက်(၆၅)နှစ် ပြည့်သည် အထိ တာဝန်ထမ်းဆောင်ခဲ့သည့် အမည်စာရင်းကိုဖတ်ကြားခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ များက အသက်(၆၅)နှစ်ပြည့် ဂုဏ်ပြုခံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ဟောင်း(၄၆ဦး)အား ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုတံဆိပ်များ ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်ပြီး COVID -19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုတံဆိပ်များကို တိုင်းဒေသကြီး နှင့် ပြည်နယ်တပ်ဖွဲ့မှူးများထံသို့ ပေးအပ်ခဲ့ကြပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဟောင်း ဉီးမန်းကြည်ရွှင်မှ ဂုဏ်ပြုခံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ဟောင်းများကိုယ်စားကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အသင်းဥက္ကဌနှင့်အတူဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးချုပ်၊ အထွေထွေအတွင်းရေးမှူးနှင့် ဒုတိအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ တိုင်ဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌများနှင့် တပ်ဖွဲ့မှူးများ၊ ဂုဏ်ပြုခံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ဟောင်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Read More

  12/ Nov/ 2020

ကော့သောင်းတွင် COVID-19ရောဂါကာကွယ်ရေး ကြက်ခြေနီ ဆက်လက်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ တော်ဝင်ဆိပ်ခံဘောတံတားနှင့် ဆိပ်ကပ်ထားသော သင်္ဘောများ၌ ကော့သောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းသိမ်း ဦး‌ဆောင်သော ကြက်ခြေနီစေတတနာလုပ်အားရှင် ၆ ဦးတို့သည် COVID-19ရောဂါကာကွယ်ရေး အတွက် ဆေးဖြန်းခြင်းကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့က ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။

Read More