15/ Sep/ 2020

ရန်ကုန်တွင် လုပ်အားပေးမည့် ဧရာဝတီတိုင်းမှ ကြက်ခြေနီများအား COVID -19 ရောဂါကာကွယ်ရေး အသိပညာပေး သင်တန်းပို့ချ

ရန်ကုန်တိုင်းဒေသကြီးရှိ အသွားအလာကန့်သတ် စောင့်ကြည့်စခန်းများတွင် လုပ်အားပေးကြမည့် ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄၉) ဦးအတွက် COVID-19 ရောဂါကာကွယ်ရေး အသိပညာ‌‌ပေး သင်တန်းကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဆေးတက္ကသိုလ် (၁) ရန်ကုန်ရှိ ဆေးပညာကျွမ်းကျင်မှု၊ ပုံတူပြု၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန၌ ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်း‌အောင်က အမှာစကားပြောကြားခဲ့ပြီး အဖွဲ့အစည်းဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်ကသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ကျန်းမာရေးဌာန ဌာနမှူး ဒေါက်တာနေထက်လင်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမြင့်အောင်တို့က COVID-19 ရောဂါကာကွယ်ရေး သိကောင်းစရာများကိုလည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုပညာဌာနမှ အရေးပေါ်အထူးကုဆရာဝန် ဒေါက်တာမျိုးဟိန်းက PPE စနစ်တကျဝတ်ဆင်နည်းနှင့် စွန့်ပစ်နည်းကိုလည်းကောင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ စီမံချက်မန်နေဂျာ ဦးထွန်းလွင်ဦးက COVID-19 ရောဂါစောင့်ရှောက်သူများနှင့် လူနာများအကြားတွင်ဖြစ်ပေါ်နိုင်သည့် စိတ်ဖိစီးမှုနှင့် ဖြေရှင်းရန်နည်းလမ်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

Read More

  14/ Sep/ 2020

မံစီမြို့နယ်တွင် COVID-19ရောဂါကာကွယ်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၄ရက်နေ့က ကချင်ပြည်နယ် မံစီမြို့နယ်ရှိ မောရဝတီရပ်ကွက်တွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးနှိုးဆော်ခြင်းများအား ဆောင်ရွက်ခဲ့ကြပြီး တိုင်းရင်းဆေးရုံတွင် နေရပ်ပြန်ပြည်သူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများပေးဝေခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  14/ Sep/ 2020

လွိုင်ကော်တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့က လွိုင်ကော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပီးကင်းကောခူဂိတ်တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ခရီးသည်များအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် မန္တလေးမှ ပြန်လည်ရောက်ရှိလာသူ ၁ ဦးအား CBFQ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကြက်ခြေနီအသင်းခွဲပိုင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြသည်။  

Read More

  13/ Sep/ 2020

ရေးတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းတို့ကို ရေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာ၀န်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

Read More

  13/ Sep/ 2020

မကွေးတွင် ကြက်ခြေနီက COVID-19 ရောဂါကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၁၃ရက်နေ့က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်ရှိ အမှတ် ၁ဈေး၊ အမှတ် ၂ဈေး၊ မြို့မဈေး၊ မြို့အဝင်တောင်၊ လှည်းကောက်ဆေးရုံရှေ့နှင့် လမ်းဆုံများ၊ လူအများသွားလာနိုင်သောနေရာများတွင် COVID-19 ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း တို့ကို မင်းဘူးမြို့နယ်ကြက်ခြေနီဒုတိယတပ်ဖွဲ့မှူး ဦးသန့်ဇော်လင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ဆောမြို့ နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောမြို့၊ သီရိဇေယျာ၂ရပ်ကွက် အတွင်းရှိ နေအိမ်များ၊ ရေတွင်း၊ရေကန်များတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ဖုံး/သွန်/လဲ/စစ်ပြုလုပ်ပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

Read More

  13/ Sep/ 2020

ကော့ကရိတ်တွင် COVID-19 ရောဂါကာကွယ်ရေး ကြက်ခြေနီက ဆက်လက်ပူးပေါင်းဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ကကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကြက်‌ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်နိုင်ထွန်း ဦဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၇ ဦးတို့သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်COVID-19‌ေရာဂါကာကွယ်ထိန်းချုပ်‌ရေးကော်မတီ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကော့ကရိတ်မြို့ ဇိနသုခဘုရားရှေ့တွင်် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာ‌ပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများနှင့် ရေမလိုလက်သန့်ဆေးရည်များ ပေးဝေခြင်း၊ စနစ်တကျလက်ဆေးနည်း အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

Read More

  12/ Sep/ 2020

ကန်ပက်လက်တွင် ကြက်ခြေနီက ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ နှာခေါင်းစည်းများဖြန့်ဝေ

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကို ကန်ပက်လက်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ဖွဲ့မှူး ဦးခွန်ဟုန်းကွီ ဦး‌ဆောင်‌သော ကြက်ခြေနီစေတနာလုပ်အားရှင် (၁၀) ဦးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းရဲ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

Read More

  12/ Sep/ 2020

တောင်ကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က မြဝတီမြို့၊ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ တဆင့်ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်ပြည်သူ ကျား ၁၃ ဦးနှင့် မ ၇ ဦးတို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ မိုးကုတ်ဝိပဿနာကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ရောက်ရှိလာရာ ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ ဦးတို့က COVID-19 ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

Read More

  12/ Sep/ 2020

မန္တလေးတွင် မြို့နယ်များ၌ COVID-19ရောဂါ ကာကွယ်ရေး ကြက်ခြေနီက ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ စဥ့်ကိုင်မြို့နယ်၊ မတ္တရာမြို့နယ်ကြက်ခြေနီအသင်းခွဲများနှင့် ရတနာပုံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မြို့နယ်အသီးသီးတွင် COVID-19ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊နှာခေါင်းစည်းများပေးဝေခြင်းတို့ကို ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ကြရာမြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များနှင့် ရတနာပုံတက္ကသိုလ်ကြက်ခြေနီ အသင်းခွဲဥက္ကဌတို့က လိုအပ်သည့်နှာခေါင်းစည်းများကို လှူဒါန်းခဲ့ပြီး အစားအသောက်များ ကျွေးမွေးခဲ့ကြသည်။

Read More