29/ Aug/ 2020

တောင်ကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီပူးပေါင်းဆောင်ရွက်

တောင်ကြီး၊ ဩဂုတ် ၂၉ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် တောင်ကြီးတက္ကသိုလ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ နေရပ်ပြန်ပြည်သူ ကျား ၁၅၊ မ ၂၃ ဦးအား COVID-19 ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းတို့ကို ဒုတိယပြည်နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၄ ဦးက ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

Read More

  24/ Aug/ 2020

ကယားပြည်နယ်မှ ရေဘေးသင့်ပြည်သူများအား ကြက်ခြေနီထောက်ပံ့

သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ကယားပြည်နယ်၊ ဖားဆောင်မြို့နှင့် ဘော်လခဲမြို့နယ်များမှ ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းကထောက်ပံ့သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း-၁၀၁(တစ်ပတ်စာ)၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း-၁၂ပုံး(တစ်လစာ)၊ အမျိုးသမီးဂုဏ်သိက္ခာထိန်းပစ္စည်း-၄၅ခု၊ ၅၀၀ Mlပါ လက်သန့်ဆေးရည် ၁၂ဗူးနှင့် ကာဘော်လစ်ဆပ်ပြာ ၂၀၀ခဲတို့အား ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၂၄ရက်က ပေးအပ်ခဲ့သည်။ ထို့အပြင် ဖားဆောင်မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ဘော်လခဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ထိခိုက်ခံစားရသူများထံသို့ သွားရောက်၍ နှစ်သိမ့်အားပေးခြင်းများကိုလည်း ပြုလုပ်ခဲ့ကြပါသည်။

Read More

  19/ Aug/ 2020

မင်းပြားမြို့ တိုက်ပွဲရှောင်စခန်းတွင် ကြက်ခြေနီမှ COVID-19ရောဂါကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်

မင်းပြား၊ ဩဂုတ် ၁၉ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မင်းပြားမြို့ ပုညရာမ တိုက်ပွဲရှောင်စခန်းရှိ၊ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၃၂)စုအား COVID-19 ရောဂါ ကာကွယ်ရေး အတွက် စနစ်တကျ လက်ဆေးခြင်းနှင့် စနစ်တကျ နှာခေါင်းစည်း အသုံးပြုခြင်း များကို အသိပညာပေး ခဲ့ကြပါသည်။

Read More

  19/ Aug/ 2020

ကိုဗစ်-၁၉ လစဉ်သတင်းစာစောင် အမှတ် (၁)

Read More

  18/ Aug/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် Beiersdorf Myanmar မှ အလှူငွေနှင့် ပစ္စည်းများလှူဒါန်းပွဲသို့တက်ရောက်

ရန်ကုန်၊ ဩဂုတ် ၁၈ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျှက်ရှိသော COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက် Beiersdorf Myanmar မှ အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းပွဲကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး Beiersdorf Myanmar မှ Marketing Manager ဖြစ်သူ Ms.Nikki Seelen က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြော ကြားပါသည်။ ထို့နောက် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အတွက်အလှူငွေ ၄,၈၄၀,၀၁၄ိ/- ( လေးဆယ့်ရှစ်သိန်းလေးသောင်းတစ်ဆယ့်လေးကျပ်)၊ ၁၇,၀၀၀,၀၀၀ိ/တန်ဘိုးရှိ Survival Bags - ၁၀၀၀ အိတ်နှင့် ၇၁,၂၈၀,၀၀၀ိ/တန်ဘိုးရှိ Nivea Creme Tin - ၄၀,၀၀၀ ဘူးတို့ကိုပေးအပ်လှူဒါန်းရာ အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ လှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အရင်းအမြစ်စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးတို့ တက်ရောက်ခဲ့ပြီး Beiersdorf Myanmar မှ Marketing Manager နှင့်အတူ ဒေါက်တာသက်နွယ်အုန်း(Business Development Manager)၊ ဦးတိုးအောင်ဝင်း(Key Account Manager)နှင့် ဒေါ်ဇူလိုင်ဝသုန် (Assistant HR Manager)တို့လည်းတက်ရောက်ခဲ့ကြပါသည်။  

Read More

  18/ Aug/ 2020

မြောက်ဦးတိုက်ပွဲရှောင်စခန်းတွင် COVID-19 ကာကွယ်ရေး အသိပညာပေးခြင်း ကြက်ခြေနီ ပြုလုပ်

မြောက်ဦး၊ ဩဂုတ် ၁၈ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြို့သစ်တိုက်ပွဲရှောင်စခန်းရှိ အိမ်ထောင်စုများအား COVID-19 ကာကွယ်ရေးအတွက် တစ်ကိုယ်ရည်သန့်ရှင်းမှုအသိပညာပေးခြင်းကို ကြက်ခြေနီက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၇ရက်နေ့က ပြုလုပ်ခဲ့သည်။ တိုက်ပွဲရှောင်စခန်းရှိ၊ ယာယီနေရပ်စွန့်ခွာအိမ်ထောင်စု (၁၃၂)စုအား COVID-19 ရောဂါအသိပညာပေးခြင်းများ၊ စနစ်တကျလက်ဆေးခြင်းနှင့် စနစ်တကျနှာခေါင်းစည်းအသုံးပြုပုံများကို မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ခွဲမှူးဦးဌေးအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၂ဦးတို့ကပြုလုပ်ခဲ့ပါသည်။

Read More

  14/ Aug/ 2020

ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အရေးပေါ်ကွပ်ကဲမှုစင်တာ ဖွင့်ပွဲနှင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ‌ေစတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲ ကျင်းပ

ပုသိမ်၊ ဩဂုတ် ၁၄ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ အရေးပေါ်ကွပ်ကဲမှု စင်တာ Emergency Operation Center ဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ဩဂုတ်လ ၁၄ ရက်‌ေန့ နံနက်ပိုင်းက ပုသိမ်မြို့တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ အဆိုပါစင်တာရုံး ရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ အသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်နှင့် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးမန်းကြည်ရွှင်တို့က ဖွင့်လှစ် ပေးခဲ့ကြပါသည်။ ဆက်လက်ပြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ‌‌ေစတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး က ပြောကြားရာတွင် လူသားအရင်းအမြစ် လုပ်ငန်းတာဝန်များကို တိုင်းဒေသကြီးအတွင်း လက်ရှိလုပ်ဆောင်နေသည့် EOC စင်တာတွေနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချကာကွယ်နိုင်မှာဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများမှာ အဖက်ဖက်က စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြသည့် ကြက်ခြေနီ‌‌စေတနာလုပ်အားရှင်များကိုလည်း တိုင်းဒေသကြီးအစိုးရအနေနှင့် မှတ်တမ်းတင်ထားရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်က အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က တိုင်းဒေသကြီး ကြက်ခြေနီ အရေးပေါ် ကွပ်ကဲမှုစင်တာနှင့်ပတ်သက်၍ လည်းကောင်း၊တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ က COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း တင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသောကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပါသည်။  

Read More

  09/ Aug/ 2020

မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ပြုလုပ်ထားသော ခြေနင်းလက်ဆေးစင်နှင့် အမှိုက်ပုံးများကို မူလွန်ကျောင်းသို့ သွားရောက်ထောက်ပံ့

မုဒုံ၊ ဩဂုတ်လ ၉ မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ပြုလုပ်ထားသော ခြေနင်းလက်ဆေးစင်နှင့် ခြေနင်းအမှိုက်ပုံးများကို ကော့ခလွယ်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ အသုံးပြုနိုင်ရန် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူးဦးဆောင်သော ကြက်ခြေနီစေတနာ လုပ်အားရှင်များက ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ရက်နေ့က သွားရောက်ထောက်ပံ့ခဲ့ပါသည်။

Read More

  02/ Aug/ 2020

ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တရားလွှတ်တော်ရှေ့နေများအား ကိုယ်အပူချိန်တိုင်း

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၂ ရက်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးရန်နိုင်နှင့် ဦးကောင်းခန့်တို့သည် ကျိုင်းတုံခရိုင်ဥပဒေရုံးရှိ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၂)၌ ပြုလုပ်သည့် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲအတွက် ဆန္ဒမဲလာရောက်ပေးကြသည့် တရားလွှတ်တော်ရှေ့နေများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းပေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

Read More