23/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ဘီစကစ်နှင့် ကွတ်ကီးများ လှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၂၃)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် Kyaw Za Min Trading Co.,Ltd မှ ဘီစကစ်နှင့် ကွတ်ကီး များ လာရောက်လှူဒါန်းရာ လှူဒါန်းပွဲအခမ်းအနားကို မေလ(၂၃)ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ အမှတ်(၄၂)ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး Kyaw Za Min Trading Co.,Ltd မှ ဒေါက်တာထက်ထက်ညွန့်က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကာ ကျပ် ၁,၉၄၈,၂၀ဝိ/တန်ဖိုးရှိ ဘီစကစ်နှင့် ကွတ်ကီး များကို လှူဒါန်းရာ အချိန်ပြည့်အလုပ်အမှုဆောင်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  22/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအား ကြက်ခြေနီက သောက်သုံးရေများ ဖြန့်ဝေခြင်းနှင့်ပြည်သူလူထုအတွက်ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ မေလ (၂၂)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ရှိပြည်သူများအတွက် သောက်သုံးရေများဖြန့်ဝေပေးခြင်း၊ ပြည်သူလူထုပဏာမကျန်းမာရေး စောင့်ရှောက်မှုအဖြစ်ရွေ့လျားဆေးခန်းဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဝန်ထမ်းများနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်လျက်ရှိပါသည်။
မေလ(၂၀)ရက်နေ့က ရွေ့လျားဆေးပေးခန်းဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဖြစ် စစ်တွေမြို့နယ်၊ ဆေးသမားကြီးကျေးရွာမှ ကျေးရွာသူ/ကျေးရွာသား (၃၃) ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး၊ (၂၄)ဦးကို သန့်လေးသန့်၊စနစ်တကျလက်ဆေးခြင်းနှင့်ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေးအကြောင်း ကျန်းမာရေးအသိ ပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။
သောက်သုံးရေဖြန့်ဝေပေးရာတွင် စစ်တွေမြို့နယ်၊ ရေချမ်းပြင်ကျေးရွာမှ အိမ်ထောင်စု(၁၀၀)စုအတွက် ရေလီတာ(၂,၀၀၀)၊ မောင်နီပြင်ကျေးရွာမှ အိမ်ထောင်စု (၁၂၅)စုအတွက် ရေလီတာ(၂,၅၀၀)၊ မကျည်းမြိုင်ကျေးရွာမှ အိမ်ထောင်စု(၂၂၅)စုအတွက် ရေလီတာ (၄,၅၀၀)၊ ဆင်ကူးလမ်းရပ်ကွက်မှ အိမ်ထောင်စု(၂၂၅)စု အတွက် ရေလီတာ ၄,၅၀၀၊ ဘိုးဘွားရိပ်သာမှ အိမ်ထောင်စု(၄၀)စုအတွက် ရေလီတာ(၅၀၀)၊ တရားသီးစု ကျေးရွာမှ အိမ်ထောင်စု(၁၂၅)စုအတွက် ရေလီတာ(၂,၅၀၀)နှင့် ပြည်နယ်ကြက်ခြေနီသိုလှောင်ရုံရှေ့ ရေပေးဝေရာနေရာတွင် အိမ်ထောင်စု(၁၇၉)စုအတွက် ရေလီတာ(၁၈,၀၀၀)ဖြင့် အိမ်ထောင်စုပေါင်း (၁,၀၁၉)စုအတွက် စုစုပေါင်းရေလီတာ(၃၄,၅၀၀)ကို ဖြန့်ဝေပေးခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမိုးအကာများ ထောက်ပံ့နိုင်ရေးနှင့် အရေးပေါ်ငွေသားထောက်ပံ့နိုင်ပေးနိုင်ရေးတို့ကိုလည်း ဆက်လက်ထောက်ပံ့ကူညီနိုင်ရန် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
[gallery display="grid" link="file" columns="2" size="wcstandard" ids="15124,15125,15126,15127,15128"]

Read More

  22/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူငွေများ လှူ‌ဒါန်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ(၂၂)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ Zeya and Associates Families and Friends က အလှူငွေ ကျပ် ၃,၀၀၀,၀၀၀ိ/ ၊ ဦးစံအောင် + ဒေါ်လှငွေ မိသားစုက အလှူငွေ ကျပ် ၁၅၀,၀၀၀ိ/၊ ဒေါက်တာချစ်သန်း + ဒေါ်လှလှဌေး မိသားစုက အလှူငွေ ကျပ် ၁၀၀,၀၀၀ိ/၊ ဦးမြင့်သန်း + ဒေါ်စန်းစန်းရွှေ မိသားစုက အလှူငွေ ကျပ် ၅၀,၀၀၀ိ/ ၊ ဦးကျော်ခိုင် + ဒေါ်ချောစန္ဒာ မိသားစုက အလှူငွေ ကျပ် ၅၀,၀၀၀ိ/ ၊ ဦးတေဇာလင်း၊ ဒေါ်အိအိခိုင်၊ ဒေါ်သင်းသင်းအောင် ဘဏ္ဍာရေးဌာန မြန်မာနိုင်ငံကြက်ခြေနီအသင်းက အလှူငွေ ကျပ် ၁၀၀,၀၀၀ိ/ တို့ကို ရန်ကုန်မြို့ အမှတ်(၄၂) ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲသို့ မေလ (၁၉) ရက်နေ့တွင် လာရောက် လှူဒါန်းခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။

Read More

  22/ May/ 2023

ပြည်သူများအတွက်အတူတကွ ဖေးကူလို့ ထူမကြမယ်

မြန်မာနိုင်ငံအတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဒေသများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ဂွ နှင့် အခြားမြို့နယ်များတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အများပြည်သူတို့ စုပေါင်းပါဝင်ကူညီနိုင်ရန် KBZPay Market နှင့် မြန်မာနိုင်ငံကြက်‌ခြေနီအသင်း (MRCS) တို့ ပူးပေါင်း၍ စီစဥ် ဆောင်ရွက်ထားရှိပါသည်။
မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်မည့် အစားအသောက်၊ ဆေးဝါးနှင့် အသုံးအဆောင် ပစ္စည်းများကို KBZPay Market ပေါ်ရှိ MOCHA Cyclone Relief Care Packages များနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများ လိုအပ်နိုင်မည့် အခြားသော ကုန်ပစ္စည်းများကို ကိုယ်တိုင်ရွေးချယ် ဝယ်ယူလှူဒါန်းနိုင်ပြီး အဆိုပါ လှူဒါန်းပစ္စည်းများကို မုန်တိုင်းသင့်ပြည်သူများထံ KBZPay Market နှင့် Myanmar Red Cross Society (MRCS) တို့ ပူးပေါင်းစီစဥ် ပို့ဆောင်ပေးမည် ဖြစ်ပါသည်။
လှူဒါန်းပစ္စည်းများ ပို့ဆောင်ရမည့် လိပ်စာနေရာ၌ မိမိတို့ လိပ်စာအစား တိုင်းဒေသကြီးနေရာတွင် ရန်ကုန်တိုင်း၊ လိပ်စာနေရာတွင် Red Cross ဟု ထည့်သွင်းရေးသားရန် လိုပါသည်။ Red Cross သို့ လိပ်မူထားသော ကုန်ပစ္စည်းအမှာစာများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ဦးစားပေး ပို့ဆောင်သွားမည် ဖြစ်ပြီး၊ ပုံမှန် အမှာစာများအတွက် ကုန်ပစ္စည်းလက်ကျန်ရှိမှု‌ပေါ်မူတည်ပြီး ဆက်သွယ်ဆောင်ရွက်သွားပါမည်။
MOCHA Relief Care Packages နှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများ လိုအပ်နိုင်မည့် အခြားကုန်ပစ္စည်းများကို အောက်ဖော်ပြပါ Link တွင် ဝင်ရောက်ကြည့်ရှုပြီး မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အတူတကွ ဖေးကူလို့ ထူမကြပါစို့။
အသေးစိတ်ကြည့်ရှုရန် >> https://bit.ly/3ogq3bj
လှူဒါန်းရန် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို ကြည့်ရှုရန် => https://bit.ly/3We3C3l

Read More

  22/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ခေါက်ဆွဲခြောက်များလှူဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၂၂)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများနှင့် ခေါက်ဆွဲခြောက်များ လှူဒါန်းပွဲအခမ်းအနားကို မေလ(၂၂)ရက်နေ့ နေ့လည်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် အသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
ထို့နောက် Singapore Association of Myanmar မှ President ဖြစ်သူ Mr. Freddy Oh က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျပ် ၁၀,၀၀၀,၀၀၀ိ/ တန်ဖိုးရှိ မိသားစုတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ (တစ်လစာ) (၂၀၀)စုံ ကို လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
ထို့အတူ Yathar Cho Industry Ltd မှ ကျပ် ၅,၇၉၀,၀၀ဝိ/တန်ဖိုးရှိ Yum Yum ခေါက်ဆွဲခြောက်ထုပ်(၁၈,၀၀၀)ထုပ်ကို Marketing Manager ဦးအောင်မြတ်သူ က လာရောက်လှူဒါန်းရာ အသင်းဥက္ကဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင်များ ဖြစ်ကြသော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ပါမောက္ခ ဒေါက်တာဒေါ်ရီရီတင်၊ အရင်းအမြစ်များ စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများ၊ Singapore Association of Myanmar မှ တာဝန်ရှိသူများ၊ Yathar Cho Industry Ltdမှ ဦးအောင်မြတ်သူ တို့ တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။
[gallery display="grid" columns="5" link="file" size="wcstandard" ids="15170,15171,15172,15173,15174"]

Read More

  20/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် KING Construction Co.,Ltd မှ အလှူငွေနှင့် ရေသန့် လှူ‌ဒါန်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ(၂၀)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ KING Construction Co.,Ltd မှ အလှူငွေ ကျပ် ၁,၁၈၀,၀၀ဝိ/နှင့် ရေသန့် ကဒ် ၄၀၀ ကို ရန်ကုန်မြို့အမှတ်(၄၂)ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲသို့ မေလ(၁၉)ရက်နေ့တွင် လာရောက် လှူဒါန်းခဲ့ရာမြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ အရင်း
အမြစ်များစုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် KING Construction Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။

Read More

  20/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ(၂၀)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ Wuntho Resource Co.,Ltd မှ အလှူငွေ ကျပ် ၁,၀၀၀,၀၀ဝိ/ကိုလည်းကောင်း၊ Golden Charity Family မှ ကျပ်၂၅၀,၀၀၀ နှင့် ကျပ် ၅၀,၀၀၀ိ/တန်ဖိုးရှိ Hansapplus (၁၀ဝပါ)၂ဘူးနှင့် ရာဘာလက်အိတ်(၁၀၀ပါ)၄ ဘူးတို့ကိုလည်းကောင်း၊ မောင်အံ့ဘုန်းသစ်အောင်၊ မမေဘုန်းမြတ်ပိုင်၊ မောင်ခန့်ဘုန်းသစ်အောင် တို့က ကျပ်၃၀,၀၀ဝိ/တန်ဖိုးရှိ ဓာတ်ဆားထုပ် ၁၀၀ ထုပ်ကို လည်းကောင်း ရန်ကုန်မြို့အမှတ်(၄၂)ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲသို့ မေလ(၁၈)ရက်နေ့က လာရောက် လှူဒါန်းရာ အရင်းအမြစ်များ စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။

Read More

  20/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် KING Construction Co.,Ltd မှ အလှူငွေနှင့် ရေသန့် လှူ‌ဒါန်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ(၂၀)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ KING Construction Co.,Ltd မှ အလှူငွေ ကျပ် ၁,၁၈၀,၀၀ဝိ/နှင့် ရေသန့် ကဒ် ၄၀၀ ကို ရန်ကုန်မြို့အမှတ်(၄၂)ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲသို့ မေလ(၁၉)ရက်နေ့တွင် လာရောက် လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
ခဲ့ပါသည်။
အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌနှင့်အတူ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ အရင်း
အမြစ်များစုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် KING Construction Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။

Read More

  19/ May/ 2023

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် The Royal Thai Embassy, The Thai Business Association of Myanmar (TBAM) and AST Express (Thailand) မှ အခြေခံစားသောက် ကုန်များနှင့် အလှူငွေလှူ‌ဒါန်း

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၁၉)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် The Royal Thai Embassy, The Thai Business Association of Myanmar (TBAM) and AST Express (Thailand) မှ အခြေခစားသောက်ကုန်နှင့် အလှူငွေတို့ကို လာရောက်လှူဒါန်းရာ လှူဒါန်းပွဲအခမ်းအနားကို မေလ(၁၉)ရက်နေ့ နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ပါသည်။
လှူဒါန်းပွဲအခမ်းအနားတွင် အသင်း၏ အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး The Royal Thai Embassy မှ Minister Counsellor Mr. Yordying Supasri နှင့် TBAM မှ President Mr. Nuttaphong တို့က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဆန်အိတ် (၂၄)ပြည်ဝင် (၂၀) အိတ်၊ ခေါက်ဆွဲခြောက်ထုပ် (၁,၆၀၀)ထုပ်၊ ခေါက်ဆွဲခြောက်ဘူး (၁၀၀)ဘူး၊ Sanitary Pad (၇၁၀)ထုပ်၊ ငါးသေတ္တာ (၅၀၀) ဘူး၊ CP ကြက်အူချောင်း (၂,၀၀၀)ထုပ်၊ CP ကြက်ဥ (၁၀,၀၅၀) လုံး၊ ရေသန့် (၀.၃၃လီတာ)(၃၀၀) ဘူး တို့အပြင် ငွေသား 3,000 USD နှင့် ၂,၀၀၀,၀၀၀ ကျပ်တို့ကို လှူဒါန်းရာ အသင်းအချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဆိုပါ လှူဒါန်းပွဲ အခမ်းအနားသို့ အသင်းအချိန်ပြည့်အလုပ်အမှုဆောင်များဖြစ်ကြ‌သော ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် ပါမောက္ခဒေါက်တာဒေါ်ရီရီတင်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုး၊ ညွှန်ကြားရေးမှူးများ၊ ဌာနမှူးများ၊ The Royal Thai Embassy နှင့် TBAM တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။

Read More