ကြက်ခြေနီမှ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများကို သာပေါင်းမြို့နယ်ရှိကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်

  07/ Feb/ 2020

သာပေါင်း၊ ဖေဖော်ဝါရီလ ၇

မြန်မာနိုင်ငံကြက်ခြေနီ အသင်း၊ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးကိုနိုင် ဉီးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် ၆ ဦးသည် သာပေါင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် သာပေါင်းမြို့ပေါ် လူစည်ကားရာ လမ်း၊ ကားဂိတ်၊ ဈေး တို့တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း စသော ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။