လူနာများကို မွန်ပြည်နယ်မှ ကြက်ခြေနီများကကူညီပို့ဆောင်

  17/ Sep/ 2021

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့ကသံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့မှ ရေလုပ်သား(၁)ဦး အရေးပေါ် ဆေးကုသမှုခံယူရန် လိုအပ်သောကြောင့် ကျိုက္ခမီလှေဆိပ်မှ ကျိုက္ခမီတိုက်နယ်ဆေးရုံ ထိုမှတဆင့် သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကျိုက္ခမီမြို့ကြက်ခြေနီ
အသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။
ထို့အတူ စက်တင်ဘာလ (၁၆)ရက်နေ့က ချောင်းဆုံမြို့နယ်ပြည်သူ့ဆေးရုံ (Isolated Ward-1)တွင် ဆေးကုသမှုခံယူနေသော အမျိုးသားလူနာ(၁)ဦးကို မော်လမြိုင်ပြည်သူ့ဆေးရုံ (Isolation Ward) သို့ ချောင်းဆုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြပါသည်။