ကျေးရွာမှ မွေးလူနာကို ကြက်ခြေနီက ဆေးရုံသို့ ကူညီပို့ဆောင်ပေး

  11/ May/ 2021

၂၀၂၁ခုနှစ်၊ မေလ(၁၁)ရက်နေ့ နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကြည်မြင်တိုင်မြို့နယ် တဖက်ကမ်း အလပ်ချောင်းကျေးရွာမှ မွေးလူနာတစ်ဦးအား ကြည်မြင်တိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြပါတယ်။