ယာဉ်မတော်တဆတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးအား ရှေးဦးပြုစုပေးကာ ဆေးရုံသို့ ကူညီပို့ဆောင်

  05/ May/ 2021

၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်ရှိ ပါဋိကွေ့မီးပွိုင့်အနီးတွင် ၁၀ဘီးကား ၁စီး မတော်တဆတိမ်းမှောက်မှုကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သည့်အမျိုးသား (၁) ဦးအား ပျဉ်းမနားမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန်းနိုင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၄) ဦးတို့က ရှေးဦးပြုစုပေးကာ ပြည်သူ့ဆေးရုံ(ကုတင်-၁၀၀၀) သို့ ပို့ဆောင်ပေးခဲ့ကြပါသည်။