ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များမှ လာရောက် လှူဒါန်း

  31/ May/ 2023

ရန်ကုန်၊ ၂၀၂၃ခုနှစ်၊ မေလ(၃၁)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ မေလ(၁၈)ရက်နေ့က Win Nector Co.,Ltd မှ မြန်မာငွေ ၁,၄၅၀,၀၀၀ (တစ်ဆယ့်လေးသိန်းငါးသောင်းကျပ်)တန်ဖိုးရှိ ကြက်ခြေနီဓါတ်ဆားထုပ်များအားလည်းကောင်း၊ မေလ(၃၀)ရက်နေ့က Creative Forward Group Co.,Ltd မှ ငွေကျပ် ၅၀၀,၀၀၀(ငါးသိန်းကျပ်)အားလည်းကောင်း အသီးသီး လာရောက် လှူဒါန်းခဲ့ကြပါသည်။ အဆိုပါလှူဒါန်းမှုများအား အသင်းဥက္ကဌပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုးတို့က လက်ခံခဲ့ကြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကာ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်း ကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါသည်။