ဘားအံတက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းပြုလုပ်ခဲ့

  03/ Aug/ 2026

ဘားအံ၊ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၇)ရက်။
ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ဘားအံတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ တို့ပူးပေါင်း ဖွင့်လှစ်ခဲ့သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ဇူလိုင်လ (၂၇)ရက် နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ်တွင် ပြုလုပ်ခဲ့ရာ ပြည်နယ်၀န်ကြီးချုပ် ဦးစောမြင့်ဦး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်နိုင်က နှုတ်ခွန်းစကား ပြောကြားခဲ့ပြီး ဘားအံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဌ ပါမောက္ခဒါက်တာဥမ္မာမြတ်ထူးက သင်တန်းအစီရင်ခံစာကို ဖတ်ကြားခဲ့ပါသည်။
ယင်းနောက် သင်တန်းထူးချွန်ဆုများ၊ ဝတ်စုံများ၊ ရှေးဦးပြုစုခြင်းအထောက်အကူပြုပစ္စည်းများနှင့် ရှေးဦးပြုစုခြင်းဆေးအိတ်များကို ပေးအပ်ခဲ့ပါသည်။
အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းကို ဇူလိုင်လ (၁‌၂)ရက် နေ့မှ (၂၆)ရက်နေ့အထိ ပြုလုပ်ခဲ့ရာ
သင်တန်းသား၊ သင်တန်းသူ (၂၃၉)ဦးတက်ရောက်ခဲ့ပါသည်။
သတင်း – ကရင်ပြည်နယ်ကြက်ခြေနီ