ကင်ဆာရောဂါအကြောင်းသိကောင်းစရာ ဟောပြောပွဲ ပြုလုပ်

  24/ Jan/ 2019

===
နေပြည်တော်၊ ဇန်နဝါရီလ ၂၄

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့ကို ကြိုဆိုသောအားဖြင့် ကင်ဆာရောဂါအကြောင်းသိကောင်းစရာ ဟောပြောပွဲကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ နေ့လည် ၁း၃၀ အချိန်က နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ် သင်တန်းခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

ဟောပြောပွဲသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေ အတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ကျန်းမာရေးဌာ နညွှန်ကြားရေးမှူးဒေါက်တာဒေါ်သီတာကြူနှင့် ဝန်ထမ်းများ၊ ရေ ၊ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဆိုင်ရာ အရေးပေါ်တုန့်ပြန်ရေး သင်တန်း တက်ရောက်လျက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။

ဟောပြောပွဲတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ နေထက်လင်းက ကင်ဆာ ရောဂါအကြောင်းသိကောင်းစရာကို ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ဒေါက်တာ နေထက်လင်းက ပြန်လည်ဖြေကြားခဲ့ပါသည်။

Credit:>>>ဒေါ်ဆွေဆွေစိုးနိုင်