ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့်ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်အတွင်း ကြက်ခြေနီက ပြည်သူလူထု ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

  03/ Jun/ 2023

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၃)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ရှိပြည်သူများအတွက် ပြည်သူလူထုပဏာမကျန်းမာရေး စောင့်ရှောက်မှုအဖြစ်ရွေ့လျား ဆေးခန်းဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်လျက်ရှိပါသည်။
ဇွန်းလ(၃)ရက်နေ့က ရွေ့လျားဆေးပေးခန်းဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုအဖြစ် စစ်တွေ မြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်မှ ဆေးခန်းလာရောက်ပြသသူ (၈၆) ဦးအား ကျန်းမာရေးစောင့်ရှောက်ပေးခဲ့ပြီး၊ (၂၀)ဦးကို သန့်လေးသန့်၊ စနစ်တကျလက်ဆေးခြင်းနှင့် ဝမ်းပျက် ဝမ်းလျောရောဂါကာကွယ်ရေး အကြောင်း ကျန်းမာရေးအသိ ပညာပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။