ထိခိုက်ဒဏ်ရာရရှိသူအား ကြက်ခြေနီကရှေးဦးပြုစု

  19/ May/ 2022

ကျိုက်ခမီ၊ မေလ (၁၉)ရက်။
၂၀၂၂ခုနှစ်၊ မေလ (၁၈)ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်ခမီမြို့အဝင်တွင် ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီး(၂)ဦးနှင့် သတိလစ်လူနာအမျိုးသား(၁)ဦးတို့အား ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ကာ ရှေးဦးပြုစုပေးခဲ့ပြီး အသင်းပိုင်လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။