မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများ ပေးအပ်

  18/ May/ 2022

မြောက်ဦး၊ ၂၀၂၂ခုနှစ်၊ မေလ (၁၈)ရက်။
ရခိုင်ပြည်နယ်၊ မြောက်ဉီးမြို့နယ်၊ ဝေသာလီကျေးရွာတွင် ၂၀၂၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်ဆုံးရှုံးခဲ့ရသော အိမ်ထောင်စု (၂) အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးသော မိသားစုသုံးပစ္စည်း (၂)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂)စုံနှင့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂)စုံ တို့ကို မြောက်ဉီးခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဉီးမောင်လှနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက ယနေ့ မေလ (၁၈) ရက်နေ့က သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။