မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

  10/ Jan/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
= = = = = = = = = = = =
ရန်ကုန်၊ ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌ Ms. Margareta Wahlstrom ဦးဆောင်သော အဖွဲ့အား၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့က အသင်း(ရန်ကုန်)ရုံးခွဲတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အလုပ်အမှုဆောင်၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ ဆွီဒင်ကြက်ခြေနီအသင်းဥက္ကဌ Margareta Wahlstrom ၊ Country Representative Ms. Anna Grauers Fischer နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံရာတွင် အသင်း၏ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများ၊ လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများနှင့်စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။