မွန်ပြည်နယ်တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

  02/ Oct/ 2021

မွန်ပြည်နယ်၊ အောက်တိုဘာလ ၂ရက်
၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၃၀ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ဇာနည်ဘွားဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦး “B”သွေးတစ်လုံးအရေးပေါ်လိုအပ်သဖြင့် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးကလည်းကောင်း၊ စက်တင်ဘာလ ၂၇ရက်နေ့က မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော လူနာများအတွက် “AB”သွေးတစ်လုံး၊ “O”သွေး(၄)လုံး လိုအပ်သဖြင့် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်လှူဒါန်းပေးခဲ့ကြပါသည်။
ထို့ပြင် စက်တင်ဘာလ(၃၀)ရက်နေ့နံနက် ၆နာရီခန့်က အသက်(၇၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ရန်ကုန်တွင် ဆေးကုသရန်အတွက် မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက လူနာတင်ယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့ကြပါသည်။
အလားတူ စက်တင်ဘာလ (၃၀)ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ ကျိုက်ခမီဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးအား သံဖြူဇရပ်ဆေးရုံသို့ လွှဲပြောင်းပေးရန်လိုအပ်သဖြင့် ကျိုက်ခမီမြို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြပြီး စက်တင်ဘာလ (၂၉)ရက်နေ့က ဘီးလင်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက နေပြည်တော်တွင် ဆေးကုသမှုခံယူခဲ့သောလူနာတစ်ဦးအား သွားရောက်ခေါ်ဆောင်ပြီး ဘီးလင်းမြို့သို့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။