ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား ကြက်ခြေနီများကရှေးဦးပြုစုပေး

  06/ Apr/ 2022

မူဆယ်၊ ၂၀၂၂ခုနှစ်၊ ဧပြီလ(၆)ရက်။
ထိခိုက်ဒဏ်ရာရရှိတဲ့အခြေအနေတွေမှာ ရှေးဦးပြုစုခြင်းပညာရပ်ကို တတ်မြောက်ထားတဲ့အခါ မိမိကိုယ်တိုင်သာမက၊ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်ကသူတွေကိုပါ အရေးပေါ်ကူညီပေးနိုင်မှာဖြစ်ပါတယ်၊ ကျွန်ုပ်တို့ရဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ရှေးဦးပြုစုခြင်းပညာရပ်တွေကို လေ့လာသင်ယူခဲ့ကြပြီး ကျွမ်းကျင်မှုရှိစေရေးအတွက် မကြာခဏ လေ့ကျင့်မှုတွေပြုလုပ်ထားကြပါတယ်။ ဒါကြောင့်ပဲ ရှေးဦးပြုစုခြင်းဆိုလျှင် ကြက်ခြေနီကို ဦးစွာသတိရကြပါတယ်။
၂၀၂၂ခုနှစ် ဧပြီလ(၃)ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် ဆင်ဖြူဈေးအနီးမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးကိုလည်းကောင်း၊ ဧပြီလ(၁)ရက်နေ့က ကျင်စန်းကျော့လမ်းတွင် ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးကိုလည်းကောင်း အရေးပေါ်ရှေးဦးပြုစုပေးခဲ့ကြပြီး လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။