ယာဉ်မတော်တဆမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသော လူနာများကို ကြက်ခြေနီက ရှေးဦးပြုစုပြီး ဆေးရုံသို့ ကူညီပို့ဆောင်

  12/ Mar/ 2022

လားရှိုး၊ ၂၀၂၂ခုနှစ်၊ မတ်လ(၈)ရက်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအနီးတွင် မတ်လ(၈)ရက်နေ့ နံနက်ပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ ညှပ်ရိုးကျိုးသည့် အမျိုးသမီးလူနာ(၁)ဦး၊ လက်ဖျံကျိုးသည့် အမျိုးသမီးလူနာ(၁)ဦးနှင့် ထိခိုက်ဒဏ်ရာရသည့် အမျိုးသားလူနာ(၂)ဦးတို့ကို လားရှိုးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၅)ဦးတို့က ရှေးဦးပြုစုပေးခဲ့ပြီး ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် လားရှိုးမြို့ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။