လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသောအိမ်ထောင်စုကို ကြက်ခြေနီက ထောက်ပံ့ကူညီ

  01/ Apr/ 2022

နေပြည်တော်၊ ၂၀၂၂ခုနှစ်၊ ဧပြီလ(၁)ရက်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊၀င်တဲကူးကျေးရွာအုပ်စု၊ မြောင်သာယာကျေးရွာ၌ ၂၀၂၂ခုနှစ်၊ မတ်လ(၃၀)ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ခံစားခဲ့ရသောအိမ်ထောင်စု(၁)စုအတွက် မြန်မာနိုင်ငံကြက်ခြေနီ
အသင်းမှထောက်ပံ့သော အိမ်ဆောက်အ‌ထောက်အကူပြုပစ္စည်း(၁)စုံနှင့် တာပေါ်လင်(၁)ချပ်တို့ကို လယ်ဝေးမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကျော်လင်းနှင့် ကြက်ခြေနီစေတနာလုပ်ရှင်များက မတ်လ(၃၁)ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးခဲ့ပါသည်။