မော်လမြိုင်မြို့ မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီမှကူညီ

  09/ Jan/ 2018

မော်လမြိုင်မြို့ မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီမှကူညီ

= = =

မော်လမြိုင်၊ ဇန်နဝါရီလ

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ည ၈ နာရီ ၅၀ မိနစ် အချိန်တွင် မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ ကုလားတန်းရာဘာခြံစုရပ်တွင် လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ည ၉ နာရီ ၂၀ မီနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းခဲ့သော နေအိမ်များသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း မော်လမြိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာလုပ်အားရှင် ၅ ဦးသည် နေ့ခင်း ၁၂ နာရီအချိန်တွင် မီးဘေးသင့် အိမ်ထောင်စုများအား Family Kit၊ Hygiene Kit၊ Dignity Kit နှင့် သောက်ရေသန့်ဗူးများ၊ အရေးပေါ် အခင်းအကာအတွက် တာပေါ်လင်များလည်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် မီးဘေးသင့် အိမ်ထောင်စုများအား မော်လမြိုင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများက အားပေးစကားများပြောကြားပြီး လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

Credit > > > ဦးပေါကြွယ်