Data Management in Excel Training သင်တန်းဖွင့်ပွဲပြုလုပ်

  21/ Mar/ 2022

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ မတ်လ(၂၁)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အမေရိကန်နိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော Data Management in Excel Training သင်တန်းဖွင့်ပွဲကို မတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ရုံးခွဲ၌ ပြုလုပ်ခဲ့ရာ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်က အမှာစကားပြောကြားခဲ့ပါသည်။
မတ်လ(၂၁)ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ (၅)ရက်ကြာပြုလုပ်သွားမည့်အဆိုပါသင်တန်းကို ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ဝန်ထမ်းများအား နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များမြင့်မားစေရန်ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ အထောက်အကူပြုအရာရှိများ၊ အသင်းဌာနချုပ်မှဝန်ထမ်းများ စုစုပေါင်းသင်တန်းသား(၂၁)ဦးတို့ တက်ရောက်ကြမည် ဖြစ်ပါသည်။