ညောင်ရွှေ၊ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်။
ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြိုနယ်တွင် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် အင်း လေးဒေသအတွင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လူမှုကရုဏာလုပ်ငန်းဆိုင်ရာ အကူအညီများပေး လျက်ရှိရာ ညောင်ရွှေမြို့နယ် မြောင်းဝကြီးကျေးရွာ၊ ရှေ့ဝကြီးကျေးရွာ၊ ဇရပ်ကြီးကျေးရွာနှင့် သလဲဦး ကျေးရွာများတွင် ဇူလိုင်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အတွင်း ရွေ့လျားဆေးကုခန်းများ ဖွင့်လှစ်ခဲ့ပြီး လူဦးရေ (၁,၀၁၃)ဦးကို ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါတယ်။ ထို့အတူ ဆေးရုံတက်ရောက် ရန် လိုအပ်သူ(၂)ဦးကိုလည်း တစ်ဦးလျှင် ငွေကျပ်(၅)သိန်း ထောက်ပံ့ကူညီခဲ့ပါတယ်။
ရွေ့လျားဆေးကုခန်းများဖွင့်လှစ်၍ ပဏာမကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် မိတ်ဖက်ကြက်ခြေနီအသင်းများ၏ ပံ့ပိုးကူညီမှုဖြင့် ဒေသခံကြက်ခြေနီစေတနာလုပ်အား ရှင်များ၊ ကြက်ခြေနီဝန်ထမ်းများက ရပ်ရွာလူထုနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။