သင်္ဃန်းကျွန်း ၊ ၂၀၂၆ ခုနှစ် ၊ဇူလိုင်လ (၂၄)ရက်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.လ.က လေ့ကျင့်ရေးကျောင်း (သင်္ဃန်းကျွန်း)တွင် ဇူလိုင်လ (၂၃) ရက်နေ့က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ
သင်္ဃန်းကျွန်းခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ မှ ကြက်ခြေနီအသိပညာပေးပြခန်း
ပါဝင်ပြသခဲ့ပါတယ်။
ပြခန်းတွင် ကြက်ခြေနီအကြောင်း
သိကောင်းစရာနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာစာအုပ်များ၊ ပိုစတာနှင့်လက်ကမ်းစာစောင်များ ပေးဝေခဲ့ပြီး လက်တွေ့သရုပ်ပြခြင်းကို ပြုလုပ်ခဲ့ရာ ကျောင်းသား/သူ များက စိတ်ပါဝင်စားစွာ လာရောက် လေ့လာခဲ့ကြပါတယ်။
သတင်း – သင်္ဃန်းကျွန်းကြက်ခြေနီ