တံတားဦးတွင် ငလျင်ဘေးသင့် ပြည်သူများအတွက် ဆောက်လုပ်လှူဒါန်းထားသည့် နေအိမ်များအား ကြည့်ရှုလေ့လာ

  21/ May/ 2026

တံတားဦး၊၂၀၂၆ခုနှစ်၊မေလ(၁၄)ရက်။
 
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အမှတ်(၂)နှင့် အမှတ်(၃)ရပ်ကွက်များတွင် ငလျင်ဘေးအန္တရာယ်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းနှင့် ဟောင်ကောင်ကြက်ခြေနီအသင်းတို့၏ ကူညီပံ့ပိုးမှုဖြင့် ဆောက်လုပ်လှူဒါန်းထားသော နေအိမ်များကို မေလ(၁၄)ရက်နေ့၊ နေ့လယ်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်တင်တင်လေးနှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူး၊ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် ကော်မတီဝင်များ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများက ကြည့်ရှုလေ့လာခဲ့ပါသည်။
အသင်းဥက္ကဌ နှင့်အဖွဲ့သည် အဆိုပါနေအိမ်များ၏ ကြံ့ခိုင်မှုအခြေအနေနှင့် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ နေထိုင်နိုင်ခြင်း ရှိ၊ မရှိကို ကြည့်ရှုလေ့လာခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။