15/ May/ 2021

အရေးပေါ်သွေးလိုအပ်တဲ့ လူနာများအတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ကြက်ခြေနီများ ပူးပေါင်း‌ပြီး သွေးလှူဒါန်

ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေတဲ့ လူနာတွေအတွက် အရေးပေါ်လိုအပ်နေတဲ့ (O) သွေး(၃)လုံး၊Bသွေး(၁)လုံးနှင့်
Aသွေး(၁)လုံးတို့ကို ကြည့်မြင်တိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲသို့ အကူအညီတောင်းလာသဖြင့် လသာမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ဒလမြို့နယ်ကြက်ခြေနီအသင်းခွဲတို့နှင့် ဆက်သွယ်ပြီး မြို့နယ်များကကြက်ခြေနီစေတနာလုပ်အားရှင်များ ပူးပေါင်းပြီး မေလ(၁၅)ရက်နေ့က အာရှတော်ဝင်ဆေးရုံမှာ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

Read More

  15/ May/ 2021

ကွမ်းလုံမှ သွေးအန်လူနာတစ်ဦးကို ကြက်‌ခြေနီက လားရှိုးဆေးရုံသို့ ကူညီ ပို့ဆောင်

မေလ(၁၅)ရက် ည (၉) နာရီအချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်မှာ သွေးအန်တဲ့ အမျိုးသားလူနာ တစ်ဦးကို
အရေးပေါ်ဆေးကုသမှုခံယူနိုင်ဖို့ ကွမ်းလုံမြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးဦးရဲမြတ်သူနဲ့
ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့က အသင်းခွဲကလူနာတင်ယာဉ်နဲ့ ကွမ်းလုံမြို့ကနေ လားရှိုးမြို့ဆေးရုံသို့ ကူညီပြီးပို့ဆောင်ပေးခဲ့ပါတယ်။

Read More

  15/ May/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ဒီနေ့ မေလ(၁၅)ရက်နေ့မှာ လူနာနှစ်ဦးကိုအသင်းခွဲက လူနာတင်ယာဉ်(၂)စီးနဲ့ သွားရောက်ပြီး ကူညီပေးခဲ့တယ်လို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်​ခြေနီအသင်းခွဲကနေ သိရပါတယ်။
မြောက်ဥက္ကလာပဆေးရုံက‌ေန သံလျင်ချမ်းမြေ့မေတ္တာဆေးရုံသို့ ပေါင်ရိုးကျိုး လူနာတစ်ဦးနဲ့ ခြေသလုံးရိုးကျိုး လူနာတစ်ဦးတို့ကို ‌ကူညီပြီးပို့ပေးခဲ့ကြတာ ဖြစ်ပါတယ်။
အကူအညီလိုအပ်ခဲ့ရင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး(၀၉ ၂၅၇ ၁၀၈ ၈၈၉)ကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်ပါတယ်။

Read More

  15/ May/ 2021

အမှန်တကယ်လိုအပ်နေတဲ့ "သွေး"ကို လှူဒါန်းပေးခဲ့ကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ

ကျေးရွာက လူနာတစ်ဦး ဆေးကုသမှု ခံယူရာမှာ လိုအပ်‌ေနတဲ့ သွေးကို ကြက်ခြေနီ‌တွေကလှူခဲ့တာကို သိရတာ ဝမ်း‌သာရပါတယ်။
(O) သွေး အရေးပေါ်လိုအပ်နေတဲ့ ပေါင်မြို့နယ်၊ ကျောက်စလှစ်ကျေးရွာမှ လူနာအတွက် မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၂)ဦးက ဒီကနေ့ မေလ(၁၅)ရက်နေ့ မှာ မော်လမြိုင်မြို့နယ်၊ တော်ဝင်ဆေးရုံကို သွားရောက် လှူဒါန်းပေးခဲ့ကြပါတယ်။
လူနာအတွက် အမှန်တကယ်လိုအပ်နေတဲ့ "သွေး"ကို လိုအပ်တဲ့အချိန်မှာ လှူဒါန်းပေးခဲ့တဲ့ ကြက်ခြေနီများကို ကျေးဇူးတင်ပါတယ်။

Read More

  15/ May/ 2021

စာနာခြင်းနဲ့ မွန်မြတ်တဲ့စေတနာအလှူ

ရောဂါကြောင့် ဆေးရုံတက်နေရတဲ့ လူနာမှာ အရေးပေါ်လိုအပ်နေတာရှိပါတယ်။ အဲ့ဒါကတော တန်ဖိုးဖြတ်လို့မရတဲ့ သွေး ပါဘဲ။ ဒီလိုလိုအပ်နေတဲ့ သွေးကို လှူမယ့်သူရှိလာပါတယ်။ သူကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က ကြက်ခြေနီစေတနာလုပ်အားရှင် လူငယ်တစ်ဦးဖြစ်တဲ့ ကိုနေသူဟိန်းဖြစ်ပါတယ်။ ဦးနှောက်အကြိတ်ခွဲစိတ်လူနာတစ်ဦးအတွက် အရေးပေါ် (O) သွေးတစ်လုံးကို အာရှတော်ဝင်ဆေးရုံမှာ မနေ့က(မေလ ၁၄ရက်)မှာသွားရောက်လှူဒါန်းပေးခဲ့တယ်လို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ကြက်ခြေနီအသင်းခွဲကနေ သိခွင့်ရခဲ့ပါတယ်။ မြို့နယ်တွေမှာလည်း ယခုလို ကြက်ခြေနီသွေးလှူရှင်များကို ဝမ်းမြောက်စွာ မကြာခဏ တွေ့မြင်ရပါတယ်။ ကျေးဇူးပါ သွေးဒါနရှင် ကြက်ခြေနီများ.... ယခုလို လိုအပ်သူများကိုလည်း ဆက်လက်လှူဒါန်းနိုင်ပါစေ......

Read More

  15/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်‌တွေမှာ ပြည်သူများအတွက် လူမှုကရုဏာအကူအညီတွေ ပေးအပ်ရင်း ရှေ့ဆက်နေတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ကျေးဇူးတင်ပါတယ်။ #မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

Read More

  14/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

ပြီးခဲ့တဲ့ မေလ (၁၄)ရက်နေ့ မနက်က မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာ(၆လ)သား ကလေးငယ်တစ်ဦးကိုဆေးရုံလွှဲပြောင်းပြီး အရေးပေါ်ဆေးကုသရန်လိုအပ်နေတာကြောင့် မြို့နယ်ကကြက်ခြေနီစေတနာလုပ်အားရှင်တွေ မြို့နယ်ဆေးရုံကနေ မော်လမြိုင်ကလေးဆေးရုံကို မြို့နယ်ကြက်ခြေနီအသင်းခွဲလူနာတင်ယာဉ်နဲ့ ကူညီပြီး ပို့ပေးခဲ့တယ်လို့ ဒေါ်လေးလေးခက်ထံမှ သိရပါတယ်။
ညဘက်မှာလည်း အူအတက်‌ရောင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ကျိုက္ခမီက‌နေ သံဖြူဇရပ်ဆေးရုံကို ကျိုက္ခမီမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)မှ လူနာတင်ယာဉ်နဲ့ ပို့ပေးခဲ့ပြီး ဒီနေ့ မေလ(၁၅)ရက်နေ့ နံနက်အစောပိုင်းကလည်း မွေးလူနာကို ကျိုက္ခမီဆေးရုံ မှ သံဖြူဇရပ်ဆေးရုံကို ပို့ပေးခဲ့တယ်လို့ ထပ်မံသိရပါတယ်။
မိမိရဲ့မိသားစုဝင်များထဲမှ တစ်ဦးဦး ရောဂါဝေဒနာခံစားရပါကအခက်အခဲမျိုးစုံကြုံကြရပြီး အရင်ဆုံး ဆေးကုသမှုခံရမယ့်နေရာကို
သွားဖို့အတွက် ဖြေရှင်းကြရပါတယ်။
ဒီအခက်အခဲကို ကိုယ်ချင်းစာစိတ်တွေထားပြီးကြက်ခြေနီတွေက မည်သည်နေရာမှာဖြစ်ပါစေ မည်သူ့ကိုမဆို ကူညီပေးလျက်ရှိပါတယ်။

Read More

  14/ May/ 2021

လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

ဒီနေ့ မေလ(၁၄)ရက်နေ့မှာ ဆေးရုံကဆင်းတဲ့ လူနာ အိမ်ပြန်ရန် ကူညီပေးဖို့ ပြောလာတဲ့အတွက် ကူညီနေကြအတိုင်းဘဲ အသင်းခွဲက လူနာတင်တင်ယာဉ်နဲ့ စဉ့်ကူရပ်ကွက်အိမ်အရောက်ပို့ပေးခဲ့တယ်လို့ အင်းစိန်မြို့နယ်ကြက်ခြေနီအသင်းခွဲကနေ သိရပါတယ်။
ဖော့ကန်ရပ်ကွက်မှာ ခါးကြောညှပ်ဝေဒနာခံစားနေရတဲ့ အဖိုးတစ်ဦး ဆေးရုံပြဖို့ သွားနိုင်ရန်လည်းကူညီပေးခဲ့တယ်လို့ ထပ်ပြီးသိရပါတယ်။
ယခုလိုဘဲ နေရာတိုင်းက ကြက်ခြေနီတွေဟာ အခက်အခဲတွေ စိန်ခေါ်မှုတွေ ရှိနေပေမယ့်လိုအပ်သူတွေကို အချိန် နေရာမရွေး မရပ်မနား ဆက်လက် ကူညီလျက်ရှိပါတယ်။

Read More

  14/ May/ 2021

မရပ်မနားရှေ့ဆက်သွားကြက်ခြေနီရဲ့စုပေါင်းအား

၂၀၂၁ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် ပဲခူးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ အတွင်းရေးမှူး ဦးတင်ဆက်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၁ ဦးတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပဲခူးမြို့တွင်းရှိ လူစည်ကားရာနေရာများ၊ ဈေးကြီးရှေ့နှင့် ကားဂိတ်များတွင် နှာခေါင်းစည်းများပေးဝေခဲ့ပါတယ်။

Read More