ကြက်ခြေနီမှ COVID-19 ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေး ဆက်လက် ဆောင်ရွက်

  19/ Mar/ 2020

ရခိုင်ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်ထွေးနှင့် စစ်တွေခရိုင်တပ်ဖွဲ့မှူး ဦးစိန်မြင့်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရခိုင်ပြည်နယ်ရှိ စစ်တွေတက္ကသိုလ်၊ စစ်တွေကွန်ပျူတာတက္ကသိုလ်နှင့် မြို့နယ်လျှပ်စစ်ရုံးတို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းကာ COVID-19ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါကာကွယ်ရေးပိုစတာများကပ်ခြင်းဖြင့် အသိပညာပေးခြင်းများကို ၂၀၂၀ပြည့်နှစ် မတ်လ ၁၉ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။