ရန်ကုန်တိုင်းဒေသကြီးသို့ အင်အားဖြည့် သွားရောက်ကူညီခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီ‌ေစတနလုပ်အားရှင်များအား ဂုဏ်ပြုကြိုဆို

  29/ Sep/ 2020

ပုသိမ်၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံကြက်​ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် သွား‌ေရာက်အင်အားဖြည့် ကူညီခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄၉) ဦးတို့သည် တာဝန်ပြီးဆုံး၍ ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လယ်ပိုင်းကဧရာဝတီတိုင်းဒေသကြီးသို့ ပြန်လည်‌ေရာက်ရှိလာရာ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမန်းကြည်ရွှင်၊ တိုင်း‌ေဒသကြီး ကြက်‌ေခြနီတပ်ဖွဲ့မှူး ဦးဝင်းမြင့် နှင့် မြို့နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ကြက်ခြေနီ‌ေစတနာလုပ်အားရှင်များက ရန်ကုန်တိုင်းဒေသကြီး နယ်နမိတ်အထိ သွားရောက် ကြိုဆိုခဲ့ကြပါသည်။
အဆိုပါအဖွဲ့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုစခန်းတွင် စက်တင်ဘာလ ၁၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့​ခြင်းဖြစ်ပြီး တာဝန်ပြီးဆုံးချိန်တွင် ကျန်းမာရေးစစ်ဆေးခဲ့ရာ ရောဂါပိုးကူးစက်ခံရခြင်းမရှိပဲ အောင်မြင်စွာ ပြန်ရောက်လာခြင်းဖြစ်ပြီး မြို့နယ်အသီးသီးမှ ကြက်ခြေနီ တာဝန်ရှိသူများနှင့်အတူ လူမှုရေးအဖွဲ့အစည်းများမှမော်တော်ယာဥ်များဖြင့် သက်ဆိုင်ရာမြို့နယ်များ​အလိုက် Home Stay နေထိုင်မည့်နေရာအရောက် ပို့ဆောင်ကူညီပေးခဲ့ကြပါသည်။