ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တကိုယ်ရည်သန့်ရှင်းရေးမြှင့်တင်ခြင်း

WASH ယူနစ်ကို ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ဆက်စပ်သည့် သေဆုံးမှုများ လျှော့ချရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့သည်။ ကျေးလက်ဒေသမှ ဘေးအန္တရာယ်ကျရောက်လွယ်သူများ အထူး သဖြင့် ငါးနှစ်အောင်ကလေးများအတွက် ဦးတည်ပြီး စီမံချက်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ တစ်ကိုယ်ရည်သန့်ရှင်းရေးမြှင့်တင်ခြင်းလုပ်ငန်းများကို လူထု၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်ကောင်းများ ရရှိလာအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

ရည်ရွယ်ချက်များမှာ –

  • ကျေးလက်ဒေသရှိ ဘေးအန္တရာယ်ကျရောက်လွယ်သူတစ်ဦးချင်းစီနှင့် လူထုအနေဖြင့် ၎င်းတို့၏ လိုအပ်ချက်များကို ရှာဖွေဖော်ထုတ်နိုင်စေရန်
  • အစိုးရ၊ အခြားစိတ်ပါဝင်စားသူများနှင့် အမျိုးသားအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် အဆင့်တိုင်းတွင် ညှှိုနှိုင်းပူးပေါင်းဆောင်ရွက်ရန်
  • WASH စီမံကိန်းများ ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အစိုးရဌာနများ၊ အခြား WASH အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်
  • သန့်ရှင်းသောသောက်သုံးရေးရရှိရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် ပံ့ပိုးပေးရန်

  WASH လုပ်ငန်းများနှင့်ပတ်သက်ပြီး သတင်းအချက်အလက် ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်-

ဒေါက်တာမျိုးမြင့်အောင်
ဒုတိယညွှန်ကြားရေးမှူး၊ ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း။
အီးမေးလ် – myomyintaung@redcross.org.mm

Wordpress Photo Gallery