| RMS

ကျန်းမာရေးစောင့်ရှောက်မှု

ကျန်းမာရေးမြှင့်တင်ရေးလုပ်ငန်းများသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အဓိက လုပ်ငန်းတစ်ရပ် ဖြစ်သည်။ လက်တလောတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် စီမံချက်နှင့် စီမံကိန်း ၁၅ ခုကို ကိုရီးယားကြက်ခြေနီ၊ ဆွီဒင်ကြက်ခြေနီ၊ ဖင်လန်ကြက်ခြေနီ၊ ကာတီယားဖောင်ဒေးရှင်း၊ ဆမ်ဆောင်း၊ Bright ဖောင်ဒေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ ဒိန်းမတ်ကြက်ခြေနီ၊ သြစတြေးလျ ကြက်ခြေနီ၊ ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် WHO, UNOPS, UNICEF နှင့် UNFPA တို့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်ပေါင်း ၁၁၅ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ –

  • အရေးပေါ်အခြေအနေတွင် ပြည်သူ့ကျန်းမာရေး – ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း
  • ငှက်ဖျား၊ တီဘီနှင့် အိတ်ခ်ျအိုင်ဗွီကာကွယ်တားဆီးရေးအပါအဝင် လူထုအခြေပြု ကျန်းမာရေး
  • မျိုးဆက်ပွားကျန်းမာရေး
  • လူထုအခြေပြု ကျန်းမာရေးနှင့် ရှေးဦးပြုစုခြင်း
  • စေတနာသွေးသန့် သွေးလှူရှင် စုဆောင်ရေး
  • မိခင်၊ မွေးကင်းစနှင့် ကလေးငယ် ကျန်းမာရေး စောင့်ရှောက်ရေး
  • ခြေတုလက်တုပြန်လည်သန်စွမ်းရေး

၂၀၁၈ ခုနှစ်အတွင်း အန္တရာယ်ကျရောက်လွယ်သူပေါင်း ၅၈၃,၁၅၃ ကျော်ကို လေ့ကျင့် သင်ကြားပေးထားသော ကြက်ခြေနီစေတနာလုပ်အားရှင် ၂,၄၇၄ ကျော်ကကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ခဲ့သည်။

ကျန်းမာရေးစီမံကိန်းများနှင့်ပတ်သက်ပြီး သတင်းအချက်အလက် ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်-

ဒေါက်တာဒေါ်သီတာကြူ
ညွှန်ကြားရေးမှူး၊ ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း။
အီးမေးလ် – thidakyu@redcross.org.mm

ဒေါက်တာဦးနေထက်လင်း
ဒုတိယညွှန်ကြားရေးမှူး၊ ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း။
အီးမေးလ် – nayhtetlin@redcross.org.mm