| RMS

မိတ်ဖက်အဖွဲ့အစည်းများ

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း မြန်မာကိုယ်စားလှယ်ရုံး

နောက်ခံသမိုင်း

၁၉၉၁ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ဖြစ်ပွားခဲ့သည့် မီးဘေးအတွက် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ ကိုယ်စားလှယ်တစ်ဦး စတင်စေလွှတ်ခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းအား ရေရှည် အထောက်အကူပေးနိုင်ရန်အတွက် ၁၉၉၃ ခုနှစ်တွင် ရုံးခွဲစတင်ဖွင့်လှစ်ခဲ့သည်။

လက်ရှိအခြေအနေ

အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းသည် မြန်မာနိုင်ငံကြက်ခြေနီ အသင်းအား အောက်ဖော်ပြပါ နယ်ပယ်များတွင် ဘဏ္ဍာရေးနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးလျက်ရှိသည်။
– လူထုအခြေပြုနှင့် ကျောင်းအခြေပြု ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများအပါအဝင် ဘေးဒုက္ခစီမံခန့်ခွဲရေးနှင့် အရေးပေါ်စီမံခန့်ခွဲရေး ရန်ပုံငွေ ထူထောင်ခြင်း
– လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး
– စွမ်းဆောင်ရည်မြှင့်တင်ခြင်းအပါအဝင် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြစ်သည့်

  • အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေး
  • လူငယ်နှင့်စေတနာလုပ်အားရှင် စီမံခန့်ခွဲရေး
  • ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး
  • PMER
  • ထောက်ပံ့ပို့ဆောင်ရေး
  • လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှတဆင့် ဆောင်ရွက်သည့် မိတ်ဖက်အဖွဲ့အစည်းများ

ကြက်ခြေနီလခြမ်းနီလှုပ်ရှားမှုတွင်ပါဝင်သော မိတ်ဖက်အသင်းများသည် ဖက်ဒရေးရှင်းမှတဆင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအား ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများ ထောက်ပံ့ပေးလျက်ရှိပြီး ၄င်း မိတ်ဖက်အသင်းများတွင် –

  • ဂျပန်ကြက်ခြေနီအသင်း
  • ဒိန်းမတ်ကြက်ခြေနီအသင်း
  • ဆွီဒင်ကြက်ခြေနီအသင်း
  • ဟောင်ကောင်ကြက်ခြေနီအသင်း
  • ကနေဒါကြက်ခြေနီအသင်း
  • သြစတြေးလျကြက်ခြေနီအသင်း
  • နော်ဝေကြက်ခြေနီအသင်း
  • အမေရိကန်ကြက်ခြေနီအသင်း
  • ကာတာလခြမ်းနီအသင်း
  • ဗြိတိန်ကြက်ခြေနီအသင်းတို့ပါဝင်သည်။

လှုပ်ရှားမှု ပူးပေါင်းဆောင်ရွက်ခြင်း

ဖက်ဒရေးရှင်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ်ဖက်အမျိုးသားအသင်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် အနီးကပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဒိန်းမတ် ကြက်ခြေနီ၊ သြစတြေးလျကြက်ခြေနီ၊ ကာတာလခြမ်းနီ၊ အမေရိကန်ကြက်ခြေနီအသင်းနှင့် ဆွီဒင်ကြက်ခြေနီအသင်းတို့ သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်များစေလွှတ်ထားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လူမှုကရုဏာ လုပ်ငန်းများကို ပံ့ပိုးပေးလျက်ရှိသည်။

ဆက်သွယ်ရန်

ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း
အီးမေးလ် – myathu@redcross.org.mm
ဖုန်း – +၉၅ ၁ ၃၈၃၆၈၁

Mr. Joy Singhal, Head of Country Office (Myanmar)
International Federation of Red Cross and Red Crescent Societies
E-mail: joy.singhal@ifrc.org
Phone: +၉၅ ၉ ၄၂၀ ၁၀၄ ၀၁၀


အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး

လွတ်လပ်ပြီး လူမှုကရုဏာလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်သည့် အမျိုးသားအသင်းဖြစ်လာစေရန် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများမှတဆင့် အသင်းအတွင်းစွမ်းဆောင်ရည်မြှင့်တင်ပေးရန်လိုအပ်သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကနဦး ရည်မှန်းချက်မှာ မြန်မာနိုင်ငံအတွင်း ဘေးအန္တရာယ်ကျရောက်လွယ်ဆုံးသူများကို ထိရောက်သော လူထုအခြေပြု ဝန်ဆောင်မှုများပေးနိုင်ရန် အသင်းအဆင့်ဆင့်တွင် စနစ်တကျဖွဲ့စည်း ထားရှိရန် ဖြစ်သည်။
အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုသိရှိလိုပါက –

  • အသင်းခွဲ ဖွံ့ဖြိုးတိုးတက်ရေး
  • အသင်းခွဲ ၏ ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေး
  • အသင်းခွဲ ၏ အရင်းအမြစ်စုစည်း အသုံးချရေး
  • လူငယ်နှင့် စေတနာလုပ်အားရှင် ဖွံ့ဖြိုးတိုးတက်ရေး

အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေး

အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ၂၀၁၂ ခုနှစ်တွင် အသင်းခွဲဖွံ့ဖြိုးတိုးတက်ရေး ပုံစံကို ချမှတ်ခဲ့ပြီး မြို့နယ်များတွင် အသင်းခွဲစွမ်းဆောင်ရည်ဆန်းစစ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် မြို့နယ်အသင်းခွဲပေါင်း ၃၃၀ အနက် ၂၀၂ သင်းတွင် အသင်းခွဲစွမ်းဆောင်ရည် ဆန်းစစ်ခြင်းများပြလုပ်ခဲ့ပါသည်။ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနအနေဖြင့် အဆင့် (က) ရရှိသော စွမ်းဆောင်ရည်ကောင်းမွန်သည့် မြို့နယ်အသင်းခွဲများအား ဗဟိုကောင်စီအစည်းအဝေးတွင် မှတ်တမ်းတင်ထားသည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် မြို့နယ်အသင်းခွဲပေါင်း ၃၃၀ အနက် အသင်းခွဲ ၇၇ တွင် အသင်းခွဲ စွမ်းဆောင်ရည်ဆန်းစစ်ခြင်းများပြုလုပ်ခဲ့ပြီး မိမိတို့ မြို့နယ်အသင်းခွဲနှင့် ကိုက်ညီသည့် အသင်းခွဲ ဖွံဖြိုးတိုးတက်ရေးအစီအစဉ်များရေးဆွဲကာ ဒေသတွင်းရှိ အရင်းအမြစ်များဖြင့် စတင်အကောင် အထည်ဖော်လျက်ရှိသည်။

ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး

ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ပြီး အသင်းခွဲများတွင် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများကိုလည်း ပို့ချပေးခဲ့ သည်။

  • ဝန်ထမ်းများနှင့် စေတနာလုပ်အားရှင်များအတွက် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း သင်တန်း
  • ဘဏ္ဍာရေးဝန်ထမ်းများအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်း
  • အသင်းခွဲများအတွက် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်း
  • ဘဏ္ဍာရေးဝန်ထမ်းများအတွက် မွမ်းမံသင်တန်း စသည်တို့ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

၂၀၁၈ ခုနှစ်ကုန်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီများ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီများနှင့် မြို့နယ်အသင်းခွဲပေါင်း ၃၃ဝ အနက်အသင်းခွဲများအတွက် ၂၄၉ မြို့နယ်တွင် ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကို ဖွင့်လှစ်ပေးခဲ့ပြီး လိုအပ်သည့် စာအုပ်စာတမ်း များနှင့် ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။

အရင်းအမြစ်စုစည်းအသုံးချရေး

လူမှုကရုဏာလုပ်ငန်းများကို လွတ်လွတ်လပ်လပ်နှင့် ရေရှည်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အရင်းအမြစ်များစုစည်းအသုံးချရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်လျက် ရှိသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ မဟာဗျူဟာရည်မှန်းချက်တစ်ရပ်အဖြစ် အသင်းအဆင့်တိုင်းတွင် အမှီအခိုကင်းစွာရေရှည် တည်တံ့၍ လုံလောက်သည့် ကိုယ်ပိုင်ရန်ပုံငွေ ရရှိရေးအတွက် အရင်းအမြစ်များ စုစည်းအသုံးချနိုင်သော စွမ်းရည်ကို တိုးမြှင့်ရန် ချမှတ်ထားသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာနမှ ပုဂ္ဂလိက အဖွဲ့အစည်းများအား ရှေးဦးပြုစုခြင်းသင်တန်းများ ပို့ချခြင်း၊ ကြက်ခြေနီအရောင်းဆိုင်ဖွင့်လှစ်ခြင်း၊ ရေသန့်ထုတ်ဝေခြင်းနှင့် ပုံနှိပ်လုပ်ငန်းများမှတဆင့် ဝင်ငွေများရရှိသည်။ ဆက်လက်လုပ်ဆောင်မည့် အရင်းအမြစ်စုစည်းအသုံးချရေး လုပ်ငန်းများမှာ

  • အသစ်ရေးဆွဲထားသော နည်းဥပဒေနှင့်အညီ အရင်းအမြစ် စုစည်းအသုံးချရေးမူဝါဒကို ရေးဆွဲကျင့်သုံးခြင်း
  • မဟာဗျူဟာ ၂၀၁၆-၂၀၂၀ အကောင်အထည်ဖော်နိုင်ရန် အရင်းအမြစ်စုစည်းအသုံးချရေး နည်းဗျူဟာနှင့် လမ်းညွှန်ချက်များ ရေးဆွဲခြင်း
  • မိတ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်မှုမူဘောင်ကို အသုံးပြုခြင်းဖြင့် အရင်းအမြစ် စုစည်းအသုံးချရေး စွမ်းရည်ကို အသင်းအဆင့်ဆင့်တိုင်းတွင် ခိုင်မာစေခြင်း

လူငယ်ခေါင်းဆောင်မှု

ကြက်ခြေနီလူငယ်ဆိုသည်မှာ အသင်း၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော သက်ဆိုင်ရာ အသင်းခွဲ၊ တက္ကသိုလ်/ကောလိပ်ကြက်ခြေနီအသင်းခွဲများ၊ အသင်းခွဲငယ်များရှိ အသက် (၁၆)နှစ်မှ (၃၅)နှစ်အကြား ကြက်ခြေနီအသင်းဝင်၊ တပ်ဖွဲ့ဝင် (သို့) Volunteer Registration Form ဖြည့်စွက်ထားသူများ ဖြစ်ပါသည်။

ကြက်ခြေနီလူငယ်များသည် အသင်း၏ အဆင့်ဆင့်တိုင်း၌ ဖွဲ့စည်းထားသော ကြက်ခြေနီလူငယ်ကော်မတီများတွင် ဦးဆောင်သူအခန်းကဏ္ဍပါဝင်ပြီး နိုင်ငံတ၀န်းလုံးတွင် ချိတ်ဆက်ထားသော လူငယ်ကော်မတီကွန်ယက်များမှ တဆင့် အောက်ဖော်ပြပါ အသင်း၏ လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပါသည်။

  • လူငယ်နှင့် ရပ်ရွာလူထုဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး
  • လူငယ်နှင့်ငြိမ်းချမ်းသော လူ့ဘောင်အသိုင်းအဝိုင်းဖော်ဆောင်ခြင်း
  • လူငယ်များပါဝင်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး

စေတနာလုပ်အားရှင်

စေတနာလုပ်အားရှင်များ

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် စေတနာလုပ်အားရှင်များ အခြေပြု၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ကြုံတွေ့ရသော ဘေးဒုက္ခများတွင် ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် ဘေးအန္တရာယ် တုံ့ပြန်ရေး လုပ်ငန်းများတွင် နေ့မအား၊ ညမနား ပါဝင်ခဲ့ပြီး မည်သည့် အရေးပေါ်အခြေအနေတွင်မဆို ပထမဆုံး တုံ့ပြန်ဆောင်ရွက်သူများ ဖြစ်သည်။