ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်း

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ မေလ(၂၀)ရက်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် အလှူရှင်များက လှူ‌ဒါန်းလျက်ရှိရာ Wuntho Resource Co.,Ltd မှ အလှူငွေ ကျပ် ၁,၀၀၀,၀၀ဝိ/ကိုလည်းကောင်း၊ Golden Charity Family မှ ကျပ်၂၅၀,၀၀၀ နှင့် ကျပ် ၅၀,၀၀၀ိ/တန်ဖိုးရှိ Hansapplus (၁၀ဝပါ)၂ဘူးနှင့် ရာဘာလက်အိတ်(၁၀၀ပါ)၄ ဘူးတို့ကိုလည်းကောင်း၊ မောင်အံ့ဘုန်းသစ်အောင်၊ မမေဘုန်းမြတ်ပိုင်၊ မောင်ခန့်ဘုန်းသစ်အောင် တို့က ကျပ်၃၀,၀၀ဝိ/တန်ဖိုးရှိ ဓာတ်ဆားထုပ် ၁၀၀ ထုပ်ကို လည်းကောင်း ရန်ကုန်မြို့အမှတ်(၄၂)ကမ်းနားလမ်းရှိ အသင်းရန်ကုန်ရုံးခွဲသို့ မေလ(၁၈)ရက်နေ့က လာရောက် လှူဒါန်းရာ အရင်းအမြစ်များ စုစည်းအသုံးချရေးဌာန ဌာနမှူး ဒေါ်မေစန္ဒာမျိုးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုး ကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါသည်။