04/ Jan/ 2020

တောင်ကြီးတွင် (၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားပြုလုပ်ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများတက်ရောက်

တောင်ကြီး၊ ဇန်နဝါရီ၄။

(၇၂)ကြိမ်မြောက်လွတ်လပ်ရေးနေ့အလံတင်အခမ်းအနားကို ဇန်နဝါရီ ၄ရက်နေ့တွင် တောင်ကြီးမြို့၊ အဝေရာမိုးပုံးပံျကွင်း၌ ကျင်းပရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။ အဆိုပါလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုပြည်နယ်မှူးဦးအောင်ကျော်မျိုးနှင့်အတူ လူငယ်ခေါင်းဆောင် တတိယတန်းဦးစီးမှူးဒေါ်ဇွန်လေးဝေ၊ မြို့နယ်ဒုတပ်ဖ့ွဲမှူးဦးဖြိုးဝေခိုင်နှင့် ဦးစိုင်းကျော်တင့်၊ ဒုမြို့နယ်တပ်ဖဲ့ွမှူးဦးရန်ပိုင်၊ ပင်လောင်းမြို့နယ်ကြက်ခြေနီတပ်ခွဲမှူးဦးထွန်းထွန်းလွင်၊မြို့နယ်တပ်စုမှူးဦးမျိုးမြင့်အောင်/ဦးစိုင်းလင်းလင်း၊ဦးဝေယံဖြိုး/ဒေါ်နန်းစန်းစန်းဦး နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ကျား(၁)ဦး၊မ(၈)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။ Credit to : ဦးထွန်းထွန်းလွင်

Read More

  15/ Feb/ 2019

Nordic Day အခမ်းအနားတွင် ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများအကြောင်း ခင်းကျင်းပြသ

= = = ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် Nordic House (နော်ဝေး၊ ဖင်လန်၊ ဆွီဒင်နှင့် ဒိန်းမတ်) ၌ ကျင်းပသော Nordic Day အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများ၊ ကူညီပံ့ပိုးရေး ပစွည်းများနှင့် စာအုပ်စာတမ်းများကို ခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များထဲမှ ကြက်ခြေနီလှုပ်ရှားမှုများအကြောင်း သိလိုသည်များကို ရှင်းလင်း ပြောပြခဲ့ကြပါသည်။ Credit; ဦးအောင်မြင့်စိုး

Read More

  29/ Jan/ 2019

(၈၁) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး ကျင်းပ 

=== နေပြည်တော်၊ ဇန်နဝါရီ ၂၉ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နှင့် (၃၀) ရက်နေ့ တွင် နေပြည်တော်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဌာနချုပ်ရှိ စုဝေးခန်းမ၌ (၈၁) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးကို ကျင်းပပြုလုပ်လျက်ရှိသည်။ အဆိုပါ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ ဂုဏ်ထူးဆောင်ဥက္ကဌ ပါမောက္ခဒေါက်တာဦးသာလှရွှေ၊ ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်/ အချိန်ပိုင်းအမှုဆောင်အဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများ ဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိတ်ဖက်အမျိုးသားအသင်းများမှ မြန်မာဌာနေ ကိုယ်စားလှယ်များ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဌနှင့်တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဝင် ဦးအေးမြင့်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယ အထွေထွေ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ခရိုင်တပ်ဖွဲ့မှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက “ ယခုနှစ်သည် ၁၃ ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီညီလာခံကို ကျင်းပမည့် နှစ်တစ်နှစ်ဖြစ်သဖြင့် အသင်းအတွက် ထူးခြားသော နှစ်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ယှဉ်ပြီး ဆောင်ရွက်နေသည့် အသင်းဖြစ်သည့်အတွက် အသင်းအတွင်းနှင့် အသင်းပြင်ပ ဆက်သွယ် ဆောင်ရွက်မှုများကို စည်းစနစ်ကျကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ထိခိုက်ခံစားရသူများထံ ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေပေးနိုင်မှာ ဖြစ်သကဲ့သို့ အသင်း၏ လုပ်ဆောင်ချက်များကို အများပြည်သူက ယုံကြည်လက်ခံလာပြီး အသင်းပုံရိပ် လည်း ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ညီလာခံရွေးချယ်တင်မြောက်ရေးကိစ္စရပ်များအတွက် ဆွေးနွေးတိုင်ပင်ရာတွင် အသင်းနှင့် ရည်ရွယ်ချက်တူညီသော မိတ်ဖက်လူမှုအဖွဲ့အစည်းများ အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်လာစေရန်၊ အသင်း၏ပုံရိပ်ကို ထိခိုက်နိုင်သော အသုံးချခံရမှုတွေမဖြစ်အောင် ကြိုတင်လေ့လာစီစစ်စေလို ကြောင်း၊ ဗဟိုကောင်စီဝင်များ အနေနဲ့ မိမိတို့စိတ်ဆန္ဒအရ ကြက်ခြေနီအသင်းမှာ ပါဝင်လာကြသူများ ဖြစ်သည့်အတွက် အသင်းကောင်းကျိုးအတွက် တတ်စွမ်းသမျှဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြ စေလိုကြောင်း” တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း တင်ပြခဲ့ကာ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပိုင်းအလုပ် အမှုဆောင် ကော်မတီဝင်၊ ဗဟိုဦးစီးမှူးချုပ် ဦးမျိုးမင်းနောင်နှင့် ဗဟိုကောင်စီဝင် ဦးဘုန်းကျော်တို့အား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဦးမြင့်ထွေးက ဗဟိုကောင်စီဝင် (၁၀) နှစ်ပြည့် ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြုလွှာများ အသီးသီးချီးမြှင့်ခဲ့ပါသည်။ ထို့နောက် အလှူရှင်များ ဖြစ်သည့် Coca Cola Company မှ တာဝန်ရှိသူ ဦးဇေယျာချစ် နှင့် ဦးတင်မောင် (စန္ဒီဘယဆေး)တို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ ဖွင့်ပွဲ အခမ်းအနား ကို နံနက် (၁၀း၀၀)နာရီတွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဆက်လက်ပြီး နံနက်(၁၀း၃၀)နာရီတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ သဘာပတိအဖြစ် အဖွင့်အမှာစကားပြောကြားခဲ့ကာ ပထမနေ့ အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူက (၈၀) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးမှု အခြေအနေများကိုလည်းကောင်း၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှက (၈၁) မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးသို့ တင်သွင်းသည့် အမှုဆောင်အဖွဲ့အစီရင်ခံစာကို လည်းကောင်း၊ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဒေါ်အမယာမော်နိုင်က အသင်း ၏ ၂၀၁၈ ခုနှစ်၊ ဒုတိယနှစ်ဝက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ၂၀၁၉ ခုနှစ်အတွက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အချိန်ပြည့် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကင်ဘွိုင်းက ဘဏ္ဍာရေးအစီရင်ခံစာနှင့် စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာကိုလည်းကောင်း၊ ဥပဒေအကြံပေးဒေါ်ခင်စိုးထိုက်က နည်းဥပဒေပါ ပြင်ဆင်ထားချက်များကိုလည်းကောင်း၊ အချိန်ပိုင်း အမှုဆောင်အဖွဲ့ဝင်၊ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဂဲနက်စ်က ရွေးချယ် တင်မြောက်ရေးစည်းမျဉ်း ပြင်ဆင်ချက်များနှင့် လုပ်ငန်းစဉ်အသေးစိတ်ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ အစည်းအဝေး ပထမနေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ကြက်ခြေနီကြီးကြပ်မှု ကေ်ာမတီဝင်များက တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အကြောင်း ရှင်းလင်းတင်ပြကာ အမှုဆောင်အဖွဲ့မှ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေး ဒုတိယနေ့တွင် ၁၃ ကြိမ်မြောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ညီလာခံ ကျင်းပရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားကြမည် ဖြစ်သည်။ Credit:>>> ဒေါ်ဆွေဆွေစိုးနိုင် Photo Credit:>>> ဦးအောင်မြင့်စိုး၊ ဦးသန့်ဇော်ချို

Read More

  28/ Jan/ 2019

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီအစည်းအဝေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်

= = = နေပြည်တော်၊ ဇန်နဝါရီ ၂၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဗဟိုကောင်စီအစည်းအဝေး အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်) (၃)ထပ်ဆောင် သင်တန်းခန်းမ၌ ကျင်းပ ပြုလုပ်လျှက်ရှိပါသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဂုဏ်ထူးဆောင်ဥက္ကဌ ပါမောက္ခဒေါက်တာဦးသာလှရွှေ၊ ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူ၊ အချိန်ပြည့်နှင့် အချိန်ပိုင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများနှင့် ကိုယ်စားလှယ်တော်များ၊ ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာဒေါ်မြသူမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး (Resilience) အစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး အကြောင်းကို ဆွေးနွေးခဲ့ပါသည်။

အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးတွင် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းမြင့်မားရေး (Resilience) အစီအစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရေး အကြောင်းကို ဆွေးနွေးခြင်း၊ နည်းဥပဒေပါ ပြင်ဆင်ထားချက်များကို ဆွေးနွေးတင်ပြခြင်း၊ ရွေးချယ်တင်မြောက်ရေး စည်းမျှဉ်းကို အချောသတ်ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ လုပ်ငန်းတာဝန်ခွဲဝေရေးလုပ်ငန်းစဉ်များ (Decentralization Process) ကို တင်ပြဆွေးနွေးခြင်း၊ အသင်းသားဖြစ်ခြင်း၊ အသင်းဝင်ကြေးနှင့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခြင်း၊ ရန်ပုံငွေ ရှာဖွေရေးနည်းလမ်းများအကြောင်း ဆွေးနွေးတင်ပြခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု မူဝါဒနှင့် ကယ်ဆယ်ရေးပစွည်းများ ဖြန့်ဝေခြင်းလမ်းညွှန် (DM Policy & Relieved Item Distribution Guideline) ကို တင်ပြခြင်း၊ CPR Manikin & Small First Aid Kit Distribution ကို ရှင်းလင်းတင်ပြခြင်း အစရှိသည်တို့ ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။ Credit; ဦးအောင်မြင့်စိုး

 

Read More