19/ Feb/ 2019

မြန်မာနိုင်ငံကြက်ခြေနီအသင်းအလုပ်အမှုဆောင်များ Goodwill Ambassador အားလက်ခံတွေ့ဆုံ

= == ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် Unbroken Journey Completely Without Flying အစီအစဉ်ဖြင့် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၉၁ နိုင်ငံရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ သွားရောက် လေ့လာ တွေ့ဆုံလျက်ရှိသည့် ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းမှ Goodwill Ambassador ဖြစ်သူ Mr.Torbjørn C.pedersen အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ရန်ကုန်(ရုံးခွဲ) ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ Mr. Pedersen သည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး ကမ္ဘာတဝန်းရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ လေယာဉ်ခရီးစဉ် လုံးဝအသုံးမပြုဘဲ ကုန်လမ်း/ရေလမ်းကြောင်းများဖြင့် ခရီးစဉ်မပြတ် သွားရောက်လေ့လာလျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ၁၇၂ နိုင်ငံမြောက် လက်ခံ တွေ့ဆုံခဲ့သည့် အမျိုးသားအသင်းဖြစ်ပါသည်။ ဆက်လက်ပြီး ကျန်ရှိသော ၁၉ နိုင်ငံရှိ အမျိုးသားကြက်ခြေနီအသင်းများသို့ သွားရောက် လေ့လာရန် ၂၀၂၀ ခုနှစ်ထိ ကြာမြင့်မည် ဖြစ်ပြီး ၎င်း၏ ခရီးအစီအစဉ် ပြီးဆုံးမှသာ နေအိမ်သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်။

တွေ့ဆုံပွဲတွင် အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာဒေါ်အမယာမော်နိုင်၊ ဒုတိယ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဦးတင်ထွန်းအောင်၊ ဒိန်းမက်နိုင်ငံကြက်ခြေနီအသင်းမှ Ms. Nuria Beneitez (Country Coordinator) တို့ တက်ရောက်ခဲ့ကြပါသည်။ Credit; ဦးအောင်မြင့်စိုး

Read More